Closest Stranger [Unicode]

Start from the beginning
                                    

သူတို့နှစ်ယောက်ရပ်နေတဲ့ လမ်းကျဉ်းလေးထဲမှာ
သူမရဲ့ ငိုရှိုက်သံတွေရယ်၊ စီးကရက်ငွေ့တွေရယ် ဘဲရှိတယ်။ အချော့မခံရတဲ့ကလေးက သူ့ဘာသာတိတ်သွားတတ်တာ မှန်ပါတယ်။ ဒါပေမယ့် သူမကလည်း ကလေးတစ်ယောက် မဟုတ်တော့ဘူးလေ။ လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်ကလို သူမက ကလေးတစ်ယောက် မဟုတ်တော့ဘူး။

ဒါပေမယ့် အခုဘဲဖြစ်ဖြစ်၊ လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်ကဘဲဖြစ်ဖြစ် သူမ,ချစ်တဲ့ကောင်လေးကတော့ ဘယ်တော့မှချော့ဖို့၊ နှစ်သိမ့်ဖို့ကို စိတ်မ၀င်စားခဲ့ပါဘူး။ တိုးတိုးပဲငိုငို၊ အော်ဟစ်ပြီးပဲငိုငို သူမဘယ်တော့မှ ပွေ့ဖက်ခြင်းကို မရခဲ့ပါဘူး။ မနှစ်သိမ့်ပေမယ့် နားငြီးတယ်လို့လည်း မပြောဘူး၊ ထွက်လည်းမသွားဘူး။ ခပ်ဝေးဝေးကို ငေးကြည့်ရင်း ငြိမ်ငြိမ်လေး ဘေးနားမှာ ရပ်စောင့်နေပေးတတ်တာ။ အရင်ထဲက အခုထိပါပဲ။

အခုချိန်မှာ စီးကရက်သောက်တဲ့ အကျင့်တစ်ခု တိုးလာပေမယ့်လို့ပေါ့။ သူမက ငိုပြီးသွားရင် မောပြီး အိပ်ပျော်သွားတတ်တဲ့ အကျင့်ရှိတယ်။ သူမငိုပြီးလို့ မောသွားရင် သူကကျောပိုးပြီး အိမ်ပြန်ပို့ပေးတတ်တယ်။ သူမကတော့ သူ့ကျောပေါ်မှာ အိပ်ပျော်သွားတတ်တယ်။ ဒါပေမယ့် သူမနိုးလာရင်တော့ သူကဘေးနားမှာ ရှိမနေတော့ပါဘူး။

"ငါပြန်တော့မယ်ဟန်။"
ဒီတစ်ခေါက်တော့ သူမကိုယ့်ဘာသာ ထရပ်လိုက်တယ်။ ကျောပိုးဖို့ မလိုတော့တဲ့ဟန်နဲ့ သူမပြောတယ်။ ရုန်းထွက်ချင်တယ်လို့ ပြောခဲ့ပေမယ့် သူ့ရဲ့ချစ်တယ်ဆိုတဲ့ စကားနောက်မှာ သူမဘာကိုမှ အဆုံးမသတ်နိုင်ခဲ့ပြန်ပါဘူး။

ကောင်လေးက သူမရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်။
"ကိုယ်ကျောပိုးမယ် လီယာ"

"ဟင့်အင်း"
သူမ ကျောပိုးပေးဖို့ပြောလာတဲ့ သူ့ကို ပထမဆုံးအကြိမ် ငြင်းဆန်လိုက်တယ်။ ဒါသူမ သူနဲ့စတွေ့ပြီးထဲက ပထမဆုံးအကြိမ် စိတ်ရင်းအမှန်နဲ့ သူ့အပေါ်ငြင်းဆန်ခြင်းပါပဲ။ သူမ အမြဲငြင်းဆန် မလိုလုပ်တတ်ပေမယ့် ဘယ်တော့မှ ရင်ထဲက ပါခဲ့တာမဟုတ်ဘူး။ ဒါပထမဆုံးပဲ။

ကောင်လေးက သူမစကားကို နားမထောင်ဘဲ အတင်းကျောပိုးဖို့လုပ်တယ်။ သူမက ရုန်းတယ်။

Short Stories by DianaWhere stories live. Discover now