Recording With Blood [Unicode]

Start from the beginning
                                    

ကောင်လေးက သူ့ကိုကြောက်ရွံ့စွာကြည့်နေတဲ့ ကောင်မလေးကို ကြည့်ပြီး ပြုံးပြတယ်။ ပြီးတော့ ပြောတယ်။

"စိတ်အေးအေးထား၊ အဆင်ပြေသွားမှာပါ။"တဲ့။

အိမ်ရှေ့က တီဗီအိုကြီးဆီက အသံဆက်ထွက်နေတုန်း..

"ဆရာနဲ့စိတ်ကျန်းမာရေး လာဆွေးနွေးတဲ့လူတိုင်းက ပြောကြတာတော့ ဆရာရဲ့ "စိတ်အေးအေးထား၊အဆင်ပြေသွားမှာပါ" ဆိုတဲ့ စကားနဲ့တင် သူတို့ပြဿနာရဲ့လေးဆယ်ရာခိုင်နှုန်းလောက်က အဆင်ပြေသွားတတ်တယ်တဲ့။ ဆရာ့ဆီက နွေးထွေးမှုနဲ့ စိတ်လုံခြုံမှုကို ခံစားရတယ်ဆိုပဲ။

TVထဲက စာရေးဆရာလေးက ပြုံးပဲပြုံးနေခဲ့တယ်။

အတွင်းခန်းထဲက ကြောက်လန့်တကြားကြည့်နေတဲ့ ကောင်မလေးရဲ့လည်ပင်းပေါ် ကောင်လေးဓားတင်တော့မယ့်အချိန်မှာ အခန်းတံခါးကရုတ်တရက်ပွင့်လာတယ်။

"မယ်လိုဒီ.. "
တံခါးရှေ့က သိုးမွှေးနွေးထည်ရှည် ၀တျထားတဲ့ ယောကျာ်းက လှမ်းခေါ်တယ်။ အခန်းထဲက ကောင်လေးက လုပ်လက်စပြတ်သွားတာမို့ မျက်မှောင်ကြုတ်ပြီး လှမ်းကြည့်တယ်။ အခန်းရှေ့က ယောကျာ်းက အတွင်းခန်းထဲက တုန်ယင်နေတဲ့မိန်းကလေးကို လုံးဝမမြင်သလို သူလှမ်းခေါ်တဲ့ကောင်လေးကိုပဲ လက်နှစ်ဖက်မြှောက်လို့ အရှုံးပေးပါတယ်ဆိုတဲ့ ပုံနဲ့ ပြုံးပြပြီးတံခါးကို ပြန်ပိတ်သွားတယ်။ တံခါးမပိတ်ခင် ပြောသွားတဲ့စကားက..

"မြန်မြန်လုပ်။ နေ့လည်စာ စားမယ်။"
ထိုယောကျာ်းရဲ့အသံက အပြုံးနဲ့မတူစွာ အေးစက်စက်။

ကောင်လေးက အဲ့အသံကိုကြားတော့ ကြောက်ရွံ့မှုက မျက်လုံးတွေမှာ ထင်ဟက်လာပြီး တစ်ချက်တုန်သွားတယ်။ လုပ်လက်စကို မြန်မြန်လက်စသတ်လိုက်တယ်။ ပြီးတော့ အခန်းထဲက ခပ်မြန်မြန်ထွက်သွားတယ်။ နောက်ဆုံးတော့ အခန်းထဲက ရေချိုးကန်ပေါ်မှာ မျက်လုံးတွေ အထုတ်ခံထားရပြီး သွေးကြောတွေကို ဓားနဲ့နက်နက်အလှီးခံထားရတဲ့ အလောင်းတစ်လောင်းပဲ တွဲလောင်းကျန်နေခဲ့တယ်။ သွေးစက်တွေက ရေချိုးကန်ထဲကို တတောက်တောက် တစ်စက်ချင်း ကျဆင်းနေတယ်။ ရေချိုးကန်ရဲ့အလယ်မှာတော့ စောနကကောင်လေး ကောင်းတယ်လို့ ပြောခဲ့တဲ့ စာအုပ်ကဖွင့်လျက်သား... ။

Short Stories by DianaWhere stories live. Discover now