မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် နားမလည်သလို ကြည့်နေသော အထွန်းကို ထက်အောင် ရယ်ပြရင်း
"ဘာမှ မတောင်းတော့ဘူး "
"ဟင် သူပဲ လက်ပေးပြီးတော့ "
ဆူပုတ်ပုတ်ဖြင့် ပြောလာသော အထွန်းကို ကြည့်ကာ ထက်အောင်တစ်ယောက် ရယ်မိတော့သည်။
"ကဲပါ လာ သွားရအောင်"
ထက်အောင်က လက်ထဲသို့ အဆင်သင့်ရောက်နေသော ထီးကို ဖွင့်သည်။ ထို့နောက် အထွန်းဘက်သို့ ထီးမိုးကာ ဆွမ်းစားဆောင်သို့ ထွက်လာခဲ့တော့သည်။
အနောက်ဘက်တွင် မီးထည့်သူကထည့် ၊ ဟင်းချိုအိုးကို မွှေသူကမွှေ ၊ ဟင်းခပ်သူကခပ် ဖြင့် ကိုယ်စီအလုပ်များနေကြသည်။
ဆွမ်းစားဆောင်သည် မကျယ်ဝန်းလှသော်လည်း လူ တစ်ရာခန့်အတွက်တော့ အဆင်ပြေပါသည်။"ကိုထက် ဥပုသ်သည်တွေ ဆွမ်းစားပြီးမှ စားကြမယ်နော်"
"အထွန်း ဗိုက်ဆာနေမှာပေါ့"
"မဆာပါဘူး ၊ ပြီးတော့မှ စားမယ်လေနော်"
"အင်းပါ ၊ ဒါဆိုလည်း အဲတော့မှ အတူတူစားကြတာပေါ့"
ကာလသားတို့သည် စားပွဲခုံဝိုင်းကြီးများကို လှိမ့်ကာ လှိမ့်ကာဖြင့် စီနေကြသည်။ ကာလသမီးတို့မှာမူ ဖျာချပ်များကို သယ်ကာ ဥပုသ်သည်များအတွက် နေရာထိုင်ခင်းပြင်နေကြလေသည်။
တစ်ယောက်ထိုင် ဖျာချပ်များ ချပြီးသောအခါ ပန်းကန်များကို စားပွဲပေါ်သို့ တင်ကြသည်။ တစ်ဝိုင်းသည် လူငါးယောက်ဆန့်သော စားပွဲဝိုင်းများ ဖြစ်သောကြောင့် ပန်းကန်ငါးပန်းကန် ၊ ဟင်းတစ်မျိုးအတွက် နှစ်ပန်းကန် နှင့် ဟင်းချို အတွက် သုံးပန်းကန် ကို ပြင်ဆင်သည်။ ထို့နောက် ပုံး ကိုယ်စီဖြင့် ထိုစားပွဲဝိုင်းများသို့ သွားပြီးလျှင် ဟင်းများခပ်ထည့်ကာ အဆင်သင့်ပြင်ထားကြတော့သည်။
ဥပုသ်သည်များ ရောက်လာသောအခါ ကူလုပ်ချင်လှသော အထွန်းသည် ဟင်းချိုထည့်ထားသော ရေခဲပုံးအပြာရောင်ကို လက်ကဆွဲသည် ။ ထို့နောက် ဟင်းချိုလျော့သွားသော ပန်းကန်လုံးများထဲသို့ လိုက်ဖြည့်နေတော့သည်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
Part 28 ( Unicode )
Start from the beginning