The only home in this world [Unicode]

Start from the beginning
                                    

"ဖေကြီး... သားဒီကိုကိုကို သဘောကျတယ်။ ဒီကိုကိုကို သားမေမေလုပ်ခိုင်းပေး။"

အဝါရောင်ပိစိရဲ့စကားမှာ နေကြာတွေနဲ့ လီလီပန်းတွေကို ကြည့်နေတဲ့ သူ့မျက်လုံးက ပြူးခနဲ။ စတိုင်ပန်အပြာထဲ လက်ထည့်ပြီး သူတို့ကို ခပ်ပြုံးပြုံးကြည့်နေတဲ့လူကြီးရဲ့ မျက်ခုံးတစ်ဖက်ဟာလည်း အသာမြင့်တက်သွားတယ်။ တဆိတ် သူသိပ်မုန်းတဲ့ပုံစံတွေချည်း လုပ်နေတဲ့ဒီလူကြီးက သူ့မျက်လုံးထဲ ဘာလို့သိပ်စတိုင်လ်ကျနေရပါသလဲ?

ဒီလူကြီးကိုတွေ့တိုင်း မူမမှန်တဲ့အတွေးတွေ တွေးတွေးမိနေတဲ့ သူ့အတွက်တော့ ပိစိရဲ့စကားက မျက်နှာပူစရာပါပဲ၊ ဒါပေမယ့် နှလုံးသားကတော့ နွေးနေခဲ့။

••••
"ဒီကိုကို့ကို ရှင်းလေးက ဘာလို့မေမေလုပ်ခိုင်းချင်ရတာလဲ။"
ဆိုင်ထဲက ကောင်တာအပြင် တစ်ခုပဲရှိတဲ့ စားပွဲဝိုင်းလေးဆီမှာ သူတို့သုံးယောက်ထိုင်နေကြတယ်။ ပိစိက ဟိုလူကြီးပေါင်ပေါ်မှာ ထိုင်နေပေမယ့် သူ့လက်သန်းကို လက်ပိစိလေးတွေနဲ့ အတင်းဆုပ်ကိုင်ထားတယ်။ ထွက်သွားမှာစိုးတဲ့ပုံမျိုးနဲ့။

"စောရတုကပြောတယ်။ မေမေဆိုတာ ကိုယ်တအားသဘောကျရတဲ့သူတဲ့။ သားမှာမေမေ မရှိဘူးလေ။ ဒီကိုကို့ကိုသဘောကျတာမို့ မေမေလုပ်ခိုင်းပေး။ ဖေကြီး.. နော်.. နော်.."

လေး၊ငါးနှစ်အရွယ်ကလေးတစ်ယောက်ရဲ့ အတွေးကရိုးရှင်းတယ်။ သူသဘောကျတဲ့လူကို တန်းပြီးခင်တွယ်လိုက်တာပါပဲ။ မရိုးသားနိုင်တဲ့ လူနှစ်ယောက်ရဲ့ ပြေးလွှားနေတဲ့ ရင်ခုန်သံတွေကတော့ ဆိုင်ထဲက နာရီအိုကြီးရဲ့ စက္ကန့်ပြောင်းသံနဲ့ ၀င်တိုက်မိခဲ့ရပါတယ်။

**************
Dairy of Shin Yar Myat Chal

ရှင်းလေးက ပေါက်ကရတွေပြောနေလို့ စိတ်ဆိုးမယ်ထင်ပေမယ့် ပြောသမျှကို အူကြောင်ကြောင်ဖြစ်ပြီး မျက်လုံးပြူးပြူးလေးနဲ့ ကြည့်နေတဲ့ကောင်လေးက ဆံပင်ခွေကောက်ကောက်လေးတွေနဲ့။ ကြည်တောက်နေတဲ့ မျက်လုံးပြာပြာလေးတွေနဲ့ ပါးဖောင်းရဲရဲလေးတွေဟာ ကလေးလေးနဲ့ တူလွန်းလှပါတယ်။ စောနကလည်း ကလေးနဲ့တူတာမို့ ကလေးလို့ခေါ်မိတော့ ဒေါသထွက်ပြီး ကော်ဖီဖိုးတောင် မယူဘဲ ထွက်ပြေးတယ်။ ရှင်းလေးကတော့ ဒီကိုကို့ကို မေမေလုပ်ခိုင်းပေးဆိုပြီး ဆူညံနေတော့တာပါပဲ။ ကျွန်တော်လည်း ဒီကောင်လေးကို...

Short Stories by DianaWhere stories live. Discover now