နွေဦးသူရဲကောင်းလေးရဲ့ပါရမီဖြည့်ဘက် (Unicode)

Comenzar desde el principio
                                    

"ကဲပါဟုတ်ပါပြီ fighter ကြီးရဲ့.... သွားတော့ သူများတွေအမြင်ကပ်နေပြီ...."

သူများတွေဆိုတာအခြားသူတွေတော့မဟုတ်ဘေးနားမှာထိုင်နေကြတဲ့သူငယ်ချင်းများဖြစ်လေသည်....

"အင်းအင်း...မောင်သွားပြီနော်....ဂရုစိုက်..."

"ဟုတ်..."

မောင်ထွက်သွားတော့မှသံချပ်သံများကြွေးကြော်သံများသီချင်းများနှင့်သပိတ်လေးထဲကိုအားတက်သရောပါဝင်လိုက်သည်....

"ငါ့ညီ....ဟိုကမင်းကောင်မလေးလား...."

defenders line မှာအတူနေတဲ့အကိုတစ်ယောက်ကမေးလာတော့....

"ဟုတ်တယ်အကို...ဘာဖြစ်လို့လဲ..."

"နှောင်ကြိုးတွေရှိရင်နောက်မှနေငါ့ညီ...ဟိုစစ်ကျွန်တွေကလူစိတ်ရှိတာမဟုတ်ဘူး...."

"အဲ့နှောင်ကြိုးလေးအတွက်ပဲရှေ့တက်နေရတာအကိုရေ..."

စကားလေးတပြောပြော သီချင်းလေးတငြီးငြီး
သံပြိုင်ရေရွတ်သံများဖြင့်သာယာနေတဲ့သပိတ်စခန်းလေးဟာခနလေးအတွင်းမှာသေနတ်သံများဖြင့်ဆူညံသွားလေသည်....
အစပိုင်းခုခံနေကြသော်လဲအခြေနေမဟန်သောကြောင့်ပြေးရန်သာဆုံးဖြတ်လိုက်ကြတော့ချစ်ရတဲ့သဲငယ်လေးလက်ကိုဆွဲကာပြေးရတော့သည်....

"sniper တွေရှိတယ်ဟေ့သတိထားကြ..."

ဘေးနားကပြေးသွားတဲ့သပိတ်ခေါင်းဆောင်တွေရဲ့အော်သံကြောင့်မောင်ကပြေးနေရင်းပင်သဲငယ်အားဖက်ကာခေါင်းကိုဖွတ်ထားလေသည်....

'ဒိုင်း....'

'အား....'

ကျယ်လောင်စွာထွက်ပေါ်လာတဲ့အသံနှင့်အတူသဲငယ်ပေါ်သို့ပြိုလဲကျလာတဲ့ခန္ဓာတစ်စုံ.....

"မောင်....!"

အဝေးကပြေးလာသောကျည်ဆံကချစ်ရသူရဲ့
လက်ပေါ်သို့ဖြတ်ပြေးသွားလေတော့နာကျင်မှုကြောင့်ဖြစ်ပေါ်လာတဲ့မောင့်ရဲ့အော်သံ.....
နာကျင်မှုကြောင့်ပြိုကျလာတဲ့ချစ်ရသူ၏ခန္ဓာကိုယ်ကိုထိန်းသယ်ကာသွားနေတော့လမ်းမှာအသက်လုကာပြေးနေကျသူများကအမြင်မတော်စွာကူသယ်ကြကာ medical team စီသို့အရောက်လာခဲ့ကြသည်....
နောက်ဆုံးရလဒ်ကတော့လက်တစ်ဖက်ဖြတ်လိုက်ရခြင်းဖြစ်လေသည်....
လက်တစ်ဖက်ဆုံးရှုံးခဲ့ရသော်လည်းစိတ်ဓာတ်မကျအားမလျော့တဲ့မောင်ကဒီနွေဦးကြီးအဆုံးသတ်သည်အထိသဲငယ်လက်ကိုတွဲကာအဆုံးထိသွားခဲ့လေသည်....

^^^^^^^^^^^^^^^^^^^

"အဲ့တာဆိုအဲ့မောင်ဆိုတဲ့သူက...."

သားငယ်လေးအမေးကိုသဘောကျစွာရယ်ရင်း....

"ဟိုမှာထိုင်နေတဲ့သားဖေဖေသူရဲကောင်းကြီးပေါ့...."

"ဒါဆိုဖေဖေကနိုင်ငံအတွက်အနစ်နာခံခဲ့တာပေါ့..."

"သားဖေဖေအနစ်နာခံခဲ့တယ်ဆိုတာအပြောပလောက်ဘူးတချို့မိသားစုတွေဆိုလူမစုံကြတော့ဘူး....တစ်ချို့ဆိုသူတို့သားသမီးလေးတွေရဲ့မျက်နှာကိုမမြင်ခဲ့ရဘူး...တစ်ချို့ကလေးတွေအဖေခေါ်စရာမဲ့ခဲ့ကြတယ်.....
တစ်ချို့ချစ်သူတွေဆိုသေကွဲကွဲခဲ့ရတယ်...တချို့ဆိုငယ်ငယ်ရွယ်ရွယ်နဲ့ထောင်ထဲရောက်ခဲ့ရတယ်...."

"အဲ့နွေဦးရဲ့အဆုံးသတ်ကဘာဖြစ်သွားလဲ...."

"ဘယ်တော့မှဇွဲမလျော့...အရှုံးမပေးတတ်တဲ့လူငယ်တွေရှိနေတော့သေချာပေါက်အနိုင်ရခဲ့တာပေါ့...အဲ့တာကြောင့်မလို့နောက်တစ်ခါသားငယ်လေးကိုသူငယ်ချင်းတွေကလှောင်ရင်ငါ့အဖေကနွေဦးသူရဲကောင်းကြီးလို့ပြောပြီးအခုမေမေပြောပြတဲ့အကြောင်းတွေပြန်ပြောပြလိုက်....ဟုတ်ပြီလား..."

"ဟုတ်....ဒါနဲ့မေမေကရောနွေဦးသူရဲကောင်းပဲလား...."

"အဲ့ဒီနွေဦးကိုတော်လှန်ခဲ့တဲ့သူတိုင်းအမှန်တရားကိုပဲလက်ခံတဲ့သူတိုင်းကသူရဲကောင်းတွေပဲ...ဒါပေမဲ့မေမေကတော့သူရဲကောင်းထပ်နွေဦးသူရဲကောင်းရဲ့ပါရမီဖြည့်ဘက်ပဲဖြစ်ချင်ခဲ့တယ်...."

ပါရမီဖြည့်ဘက်လေးရဲ့စကားသံအဆုံးမှာတော့နွေဦးသူရဲကောင်းလေးကသဘောကျစွာရယ်လေတော့သည်....

_________________________

The end

#ယွန်းမြတ်ခြယ်
18.3.2021

ရေးထားတာ 3 လာပိုင်းတည်းကခုမှတင်ရတော့တယ် 🙂

One shot collectionsDonde viven las historias. Descúbrelo ahora