Part 27 ( Unicode )

Start from the beginning
                                    

အနှစ်နှစ်အလလ ဝတ်ချင်ခဲ့သော အဝတ်အစားကို ဝတ်ခွင့်ရတော့မည့်အရေးသည် အထွန်းအတွက် ထီပေါက်သည်နှင့်ပင် တူနေသည်။
အကြိမ်ကြိမ်အခါခါ လိုချင်ခဲ့မိသော်လည်း ဝတ်ခွင့်မရသော ၊ မဝတ်ရဲသော ထိုဝတ်စုံကို အထွန်းသည် တစိမ့်စိမ့်ကြည့်ကာ ကြည့်ကာ ကြည့်မဝ ဖြစ်နေလေသည် ။

ဝတ်စုံကို ကြည့်ရင်းမှ အမေ့ကိုလည်း ခိုးကြည့်မိသည်။ ထိုသို့ ကြည့်ရင်းမှပင် တစ်ဆက်တည်း တွေးမိပြန်သည်။

ဒီကိစ္စကို အမေသိရင် စိတ်မကောင်းဖြစ်နေမလား။

ထိုသို့ တွေးမိသည်နှင့် အထွန်းသည် ချက်ချင်းပင် အဝတ်ကို ကပျာကယာ သိမ်းကာ အိမ်ပြင်ဘက်သို့ ထွက်လာခဲ့တော့သည်။

*******

လူနှစ်ယောက်သည် မင်္ဂလာခန်းမသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ တစ်‌ယောက်သည် ရွှေဝါရောင် ပိုးပုဆိုးနှင့် တိုက်ပုံကို ဝတ်ဆင်ထားပြီး အခြားတစ်ယောက်ကမူ ရင်ဖုံးနှင့် ချိတ်ထမီကို တွဲဖက်ဝတ်ဆင်ထားလေသည်။ ဆံထုံး ခပ်မြင့်မြင့်ထုံးထားကာ ဆံမြိတ်ချထားသောကြောင့် ပိန်ပိန်ပါးပါးနှင့် ချစ်စရာကောင်းနေသူကို လူအများက သတိထားမိကြသော်လည်း ခဏသာ မြင်ရသည်။ ထို့ပြင် မလင်းလွန်းလှသော ခပ်မှိန်မှိန် ညမီးရောင်ကြောင့် မည်သူမှန်းကို မူ သဲသဲကွဲကွဲမသိနိုင်။

"မမှတ်မိကြလောက်ပါဘူးနော်"

"မမှတ်မိပါဘူး ၊ မယုံရင် ပွဲထဲရောက်မှကြည့်"

"ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် ၊ ဒါပေမယ့် ခဏပဲ နေမှာနော် အကြာကြီးနေလို့မဖြစ်ဘူး"

"ဟုတ်"

မင်္ဂလာပွဲသို့ရောက်သောအခါတွင် ဧည့်ကြိုများက ဖော်ရွေပျူငှာ စွာပင် နှုတ်ဆက်ကြပြန်သည်။

"တကယ် မမှတ်မိပါဘူးနော်"

"ကဲ မမှတ်မိပါဘူးဆို "

ပြောပြောဆိုဆို ကျော်မိုးက လက်ကို အသာဆွဲကာ ခန်းမထဲသို့ဝင်သည်။ ပွဲလာဧည့်သည်များ၏ အကြည့်တို့သည် ကျော်မိုးတို့ထံသို့ရောက်လာကြလေသည်။ သို့သော်လည်း ကျော်မိုးဘေးမှ တွဲလျက်လိုက်လာသူကိုကား မမှတ်မိနိုင်ကြသလို ၊ သိလည်းမသိဖူး ၊ မြင်လည်း မမြင်ဖူးကြပေ။

ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)Where stories live. Discover now