အထွန်းဘာပြောရမယ်မှန်းမှမသိတာ။
*******
ဘောလုံးကွင်းသည် အထွန်းတို့အတွက် ညနေတိုင်း ဆုံဖြစ်သော ဆုံမှတ်နေရာလေး ဖြစ်လာခဲ့သည်။
မိုးရွာသောနေ့တွင် ပွဲကြည့်စင်ပေါ်တွင်ထိုင်ကာ စကားပြောကြသည်။ နေသာသောနေ့တွင်မူ ကုက္ကိုပင်အောက်တွင် ထိုင်ကြသည်။ တစ်ခါတရံ တွင်မူ အကြော်တဲ တွင် ရေနွေးသောက်ရင်း မိုးခိုကြလေသည်။"ကိုမိုး ကိုမိုး "
"အင်း အထွန်းပြော"
"ကိုမိုးကို လှကြည်တို့ မင်္ဂလာဆောင်က ဖိတ်ထားတယ်ဆို"
"လှကြည်"
ကိုမိုးက တစ်ချက်စဉ်းစားဟန်ပြုပြီးမှ ခေါင်းညိတ်သည်။
" ဟုတ်တယ် ဖိတ်ထားတယ် "
ဘယ်လိုသိတာလဲ ဟု မမေးပါ ။ ထို့ကြောင့် အထွန်းလည်း မပြောပြမိ။
"ကိုမိုး သွားမှာလား "
"အထွန်းရော"
"သွားမှာပေါ့ ၊ ကိုမိုးရောဟင် "
"အထွန်းသွားရင် သွားမယ်လေ"
အထွန်းက ကျေကျေနပ်နပ်ပြုံးလေသည်။ အထွန်းသွားရင် ဟူသော စကားကြောင့် ပို၍ပင် ပြုံးပြမိသည်။
"အတူတူသွားကြမလား အထွန်း"
ထိုစကားအဆုံးတွင်တော့ အထွန်း၏ လက်တို့ အေးစက်လာသည်။ အမှန်တကယ်ပင် အတူသွားချင်ပါသည် ။ ကိုမိုးနှင့် အတူ သွားချင်ပါသော်လည်း အခြားသူများကို ကြောက်မိသည်။ အထူးသဖြင့် ကိုမိုးတို့ မိသားစု ကို ပိုကြောက်မိပါသည်။
သို့သော်လည်း အထွန်းသည် မသွားချင်ပါဟု မငြင်းမိ။
"အထွန်း ဘာရောင်ဝတ်မှာလဲ"
"ဟင့်အင်း မသိသေးဘူး ၊ ဘာလို့လဲဟင်"
"ဆင်တူဝတ်ရအောင်"
"ဟင်"
အထွန်း ကိုယ့်နားကိုယ်ပင် မယုံနိုင်ဘဲ အသေအချာ တွေးကြည့်မိတော့သည်။ တကယ်ပဲလား ၊ ကိုမိုးက အထွန်းနဲ့ ဆင်တူ ဝတ်ရအောင် တဲ့လား ။
မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ကိုမိုးကို မော့ကြည့်တော့လည်း ကိုမိုးက ပြုံး၍သာ ကြည့်နေပြန်သည်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
Part 26 ( Unicode )
Start from the beginning