ဒီမနက်ခင်းမှာ..သူ့တင်ပါးတစ်ခုလုံး.ထုံကျင်နေတဲ့ခံစားချက်နဲ့ ရှောင်းကျန့်နိုးထလာတယ်။
ခါတိုင်း..အရက်သောက်ရင်..ခေါင်းပဲကိုက်တာပါ။
မဟုတ်မှ... သူမနေ့က အိမ်အပေါ်ထပ်ကို..ဖင်.တရွတ်ဆွဲပြီး..တတ်လာလို့များလား။
လက်နဲ့..နားထင်ကို အသာဖိလို့ ရေချိုးခန်းထဲဝင်လာလိုက်တယ်။
ရေချိုးခန်းက ကိုယ်လုံးပေါ်မှန်မှာ ကြည့်တော့..သူ့တင်ပါးက..အနီရင့်ရင့်ကနေ..အညိုရောင်တောင် ပြောင်းနေတယ်။
တော်ပြီ..သူနောက်တစ်ခါ အရက်သောက်ပြီး ပြန်လာရင် အောက်ထပ်မှာပဲ အိပ်တော့မယ်။
အခုတော့..သူ့တင်ပါးသူကြည့်ပြီးတောင်..ငနားလာသလိုပဲ။
အောက်ထပ်ကို ဆင်းလာရင်း..
"မောနင်း..မေမေ"
"မောနင်း..သား..
ခေါင်းကိုက်နေတယ်မို့လား..
ဒီမှာ မေမေ ပျားရည်နဲ့
သံပုရာသီးဖျော်ပေးထားတယ်နော်"
"ဟီး..မေမေက အကောင်းဆုံးပဲ"
ခုံပေါ်မှာ ထိုင်မယ်လုပ်တော့..တင်ပါးတစ်ခုလုံးအောင့်ခနဲပဲ။
"ဘာဖြစ်လို့လဲ..သား."
"ဘာမှ မဖြစ်ပါဘူး.မေမေ"
အသာဖွဖွ ထိုင်ချပြီး.. မနက်စာကို မြန်မြန်စားလိုက်ရတယ်။.
~~~~~~~~~~~~~~
ရှောင်းကျန့်ရုံးကို..ရောက်တော့.. သတင်းတစ်ခုက စောင့်ကြိုနေတယ်။
ဝမ်ရိပေါ်ရဲ့ ကိုယ်ပိုင် နားနေခန်းကို အလျင်အမြန်သွားရင်း..
"ဝုန်း!!!"
တံခါးကို အသံမြည်အောင်ဆွဲဖွင့်လိုက်တယ်။
"ဝမ်ရိပေါ်!!!!!"
ဖုန်းသုံးမပြတ်ဘဲ..."ပြော.."ဆိုတဲ့သဘောနဲ့ ဝမ်ရိပေါ်က မျက်ခုံးတစ်ဖက် ပင့်ပြတယ်။
"မင်း...ဘာလို့ လက်ခံ လိုက်တာလဲ"
"ဘာကိုလဲ..ကျန့်ကော."
"ဘာကိုရမှာလဲ..မင်း.blကား
ရိုက်ဖို့ကို လက်ခံလိုက်တယ်ဆို.."
YOU ARE READING
^^Relationship between me and my nephew^^^(complete)
Romance"ကလေးလေး... ချိုချဥ်စားမလား" "သား..ကလေး မဟုတ်တော့ဘူး ချိုချဥ်လည်းမကြိုက်ဘူး "သားက... ယုန်သားစားချင်တာ... ယုန်ညိုညိုကြီးရဲ့အသား..." " "!!!!!!!!!!!
