အပိုင်း(2)Unicode+Zawgyi

1.9K 136 1
                                        

"အင်း...."

ရှောင်းကျန့်ရဲ့ ဒီနေ့မနက်ခင်း နိုးထလာမှုက

ပြုတ်တူလို သူ့ကို မြဲ​ြမံစွာ ဖက်တွယ်ထားတဲ့

ဝမ်ရိပေါ်ရဲ့ လက်မောင်းတွေကြားမှာ နိုးထလာရတယ်။

မနေ့ညက ပါတီကအပြန်မှာ ရိပေါ်က

ကွန်ဒို မပြန်ဘဲ သူနဲ့အတူလိုက်ပါလာခြင်းပဲဖြစ်တယ်။

ရိပေါ် အိမ်လာတဲ့နေ့တွေဆို ရှောင်းကျန့် အခန်းကို ပဲ အတူတူ မျှသုံးကြတယ်။

ဖက်တွယ် ထားမှုက ရုန်းထွက်မိတော့

ပိုလို့တောင် တင်းကျပ်လာတဲ့ လက်တွေ။

သူကြည့်လိုက်တော့. ဝမ်ရိပေါ်က မနိုးသေး။

အိပ်နေချိန်တောင်.. မပြောင်းလဲတဲ့ ဝမ်ရိပေါ်ပါပဲ။

မနေ့ညက သောက်လာတဲ့အရှိန်နဲ့

မူးနောက်နေတဲ့ခေါင်းကြောင့်

အားကုန်သုံးမရုန်းတော့ပဲ ရှောင်းကျန့်လည်း.

ရိပေါ်ရင်ခွင်ထဲ အလိုက်သင့် ပြန်လည် အိပ်စက်တော့တယ်။

.......
နောက်တစ်ဖန် ရှောင်းကျန့်ပြန်နိုးလာတော့ ဘေးမှာ ရိပေါ် မရှိတော့။

သူလည်း.. မျက်နှာသစ် ကိုယ်လက် သန့်စင်လို့ အောက်ထပ်ကို ဆင်းလာလိုက်တယ်။

လှေကားပေါ်ကနေတောင် ကြားနေရတဲ့ မေမေနဲ့ ရိပေါ်ရဲ့စကားသံတွေ။

"အော.. ကျန့်ကျန့်..နိုးလာပြီလား..

မေမေ အခုပဲ လာနှိုးတော့မလို့.."

"ဟုတယ်.. မေမေ.. မနေ့ညက သောက်တာ များသွားလို့..နောက်ကျနေတာ..ဟီး."

"အမလေးလေး... မေ့မေ့ရဲ့ ကျန့်ကျန့်က ဘယ်တုန်းကများ..အစောကြီးနိုးလို့လဲ..ဟင်"

"မေမေကလည်း.."

"ကျန့်ကော.မနက်စာစားပြီးရင်.

ကျွန်တော်နဲ့ ကုန်တိုက်ကို.သွားမယ်

ဖွားဖွား..ခုနက မှာတာတွေနဲ့..

ကျွန်တော် လိုတာတွေလည်းဝယ်ရမှာ.."

"အွန်း..အွန်း"

^^Relationship between me and my nephew^^^(complete)Where stories live. Discover now