"အားကျန့်...အားကျန့်..
ထတော့လေ.. ဒီနေ့ ရိုက်ကွင်းသွားရမှာမလား...
အားကျန့်!!! "
အောက်ထပ်က မေမေ့ရဲ့အသံကြောင့်
အိပ်ယာထဲကလူးလှိမ့်ထရင်း
.ခေါင်းကို တဗျင်းဗျင်း ဆွဲကုတ်လို့
ထ ထိုင်လိုက်တယ်။
အပြင်ထွက်ရမှာ ပျင်းတဲ့သူက
အနုပညာမေဂျာနဲ့ကျောင်းပြီးလို့
အိမ်မှာပဲအေးအေးဆေးဆေး ပန်းချီလေးဆွဲနေတာ။
တစ်အိမ်လုံးရဲ့
အသည်း..အသက်.. အူကြူကြူးလေး..
ဝမ်ရိပေါ်နဲ့ကျမှပဲ နေ့တိုင်းလိုလို
အိပ်ယာကနေ စောစောထနေရတယ်။
အပြင်လည်း နေ့တိုင်းလိုလို ထွက်ရတော့တယ်။
ဝမ်ရိပေါ်... သူ့ရဲ့တူလေး... အဆိုးအဆာ လေး။ ခွေးပေါက်လေး။
"ထပြီမေမေရေ. ...တစ်ရက်လောက်တော့..
အိပ်ရေးဝအောင်အိပ်ခိုင်းပါဦးလား..ဟွန့်..
သားရင်းမဟုတ်တဲ့အတိုင်းပဲ အခုတော့..."
"ဟဲ့.. ကျန့်ကျန့်!!!!!
အိပ်ယာထဲကနေ ဝူးဝူးဝါးဝါးတွေ
ပြောမနေနဲ့နော်...
ငါလာရိုက်ရင် နင်သေဦးမယ်...
ထ..ထ ထ မြန်မြန်...
သားဝမ်ကလည်း... ဘယ်လိုများ ဒင်းကို
မန်နေဂျာခန့်ဖို့ကို စိတ်ကူးရလဲမသိပါဘူး...
လိပ်လို လေးကန်နေတဲ့သူကို"
အိမ်နီးနားချင်းတွေကတော့
မနက်ခင်းတိုင်း ကြားရမြဲဖြစ်တဲ့
ရှောင်းသားအမိရဲ့ အသံကြောင့် ပြုံးမိရတယ်။
တစ်ကိုယ်ရေ သန့်ရှင်းမှု ပြုလုပ်မှုအပြီး
အပေါ်ထပ်ကနေဆင်းလာတဲ့ ရှောင်းကျန့်။
နှုတ်ခမ်းကလည်း ရှေ့ကို ဆူထွက်ပြီး ပွစိပွစိ ပြောနေတာ။
YOU ARE READING
^^Relationship between me and my nephew^^^(complete)
Romance"ကလေးလေး... ချိုချဥ်စားမလား" "သား..ကလေး မဟုတ်တော့ဘူး ချိုချဥ်လည်းမကြိုက်ဘူး "သားက... ယုန်သားစားချင်တာ... ယုန်ညိုညိုကြီးရဲ့အသား..." " "!!!!!!!!!!!
