#Uni
"အစ်ကိုလေး"
"ဒေါ်ကြီး ဝမ်လေးပြန်ရောက်ပြီလား"
"မရောက်သေးဘူး။ဒါပေမဲ့သခင်ကြီးကစုရပ်အစည်းအဝေးလုပ်တဲ့နေရာကိုသူ့အဝတ်အစားတွေလာပို့ပေးပါလို့တော့ဖုန်းဆက်ထားတယ်"
"ဟုတ် ဒေါ်ကြီးကျွန်တော်သွားပို့လိုက်မယ်"
အစည်းအဝေးစုရပ်Were Wolfတွေစုဝေးနေကြနေရာ။Black Wolfဂိုဏ်းမှာပဲထားတယ်။အဲ့နေရာမှာပဲရှိသမျှWere wolfဂိုဏ်းတွေစုဝေးကြတယ်။ဝမ်လေးမနေ့ကပြန်မလာတာဂိုဏ်းမှာကိစ္စတစ်ခုရှိလို့လားမသိဘူး။ဘာပဲဖြစ်ဖြစ်ဖုန်းလေးတော့ဆက်သင့်တယ်ကလေးလေးရလို့သာအော်ပြီးဆူလိုက်ချင်သည်။
"ဝမ်လေး"
လက်ထဲကအင်္ကျီအိတ်ကလေးကိုထိုးပေးရင်းနဲ့ပဲရှောင်းကျန့်စိတ်ကောက်ချင်ပေမဲ့စိတ်ကောက်ခွင့်တောင်မရလိုက်ပါဘူး။
"ပြန်လို့ရပြီ...အစည်းအဝေးရှိသေးတယ်။ဒီနေ့လည်းအိမ်ကိုပြန်မလာဘူး။စောင့်မနေနဲ့"
ပြောပြီးတာနဲ့တန်းလှည့်ကာထွက်သွားတဲ့ဝမ်လေးကြောင့်ရင်ထဲမှာလှိုက်ပြီးဝမ်းနည်းလာသည်။ပြန်ဆိုတော့လဲပြန်တာပေါ့...။
အရင်ဆိုရင်တောင်ကျန့်ကောဘာဖြစ်လို့ပါညာဖြစ်လို့ပါဆိုပြီးအကြောင်းပြချက်မျိုးစုံပေးတတ်တဲ့ဝမ်လေးကအခုတော့ပြောလိုက်တာကပြန်လို့ရပြီတဲ့လား။
အနမ်းတွေကိုမွတ်သိပ်အောင်ပေးပြီးမှအလုပ်သွားတတ်တဲ့သူ။လွမ်းတယ်လွမ်းတယ်ဆိုပြီးရင်ခွင်သေးသေးလေးထဲကိုဝင်ပြီးချွဲတတ်တဲ့သူ့ရဲ့ကလေးလေးကတစ်ရက်တောင်မဟုတ်။ဒီနေ့နဲ့ဆိုရှောင်နေသည်မှာနှစ်ရက်တောင်ရှိပြီ။
ဖုန်းလည်းမဆက်။နမ်းဖို့နေနေသာသာဖက်တောင်မဖက်ဘူး။
အလုပ်ရှုပ်နေလို့နေမှာပါဝမ်လေးက....ဖြေသိမ့်ရင်းနဲ့စံအိမ်ကိုသာပြန်ရ၏။
****************
ဒီနေ့တော့ကိုယ့်ဘာသာကျောင်းသွားရတော့မှာပဲ။အိမ်ရှေ့ကိုအရောက်ခြံရှေ့ကျွီခနဲပိတ်ရပ်လိုက်တဲ့ကားလေးကြောင့်သေချာကြည့်ရသည်။
