#Uni
"မင်ဝေဘယ်မှာလဲ"
ရှောင်းကျန့်မင်ဝေကိုရှာနေတာအိမ်တစ်ပတ်ပြည့်တော့မည်။ခုထက်ထိကိုမတွေ့.....။
"ဝမ်လေး မင်ဝေ့ကိုတွေ့မိသေးလား....အ.... ဝမ်လေးမကိုက်နဲ့လေ"
ရှောင်းကျန့်ကသာဝမ်ရိပေါ်ကိုမေးနေတာဒင်းကလည်ပင်းစပ်တို့ကိုလာကိုက်နေသည်။တလကျော်သွားပြီမလို့ဆရာဝန်ကိုသွားပြတော့ ဒင်းကဦးအောင်မေးတာ
"အတူနေရပြီလား"တဲ့။အဲ့တုန်းကရှောင်းကျန့်ဆရာဝန်ရှေ့မျက်နှာတွေပူလိုက်တာ။ပေါင်လိမ်ဆွဲတာလည်းမရပြုံးပြုံးကြီးနဲ့နားထောင်နေတာများ။ ရှောင်းကျန့်မှာရှက်လွန်းလို့မျက်နှာကြီးတွေနီရဲနေသည်.....။
ဒုတ်
ရှောင်းကျန့်စိတ်မရှည်ပါလာကလိနေတဲ့သူကြောင့်....။
"အ ကျန့်ကောနာတယ်။ဘာလို့လာခေါက်တာလဲ"
ရှောင်းကျန့်ရိပေါ်ရင်ခွင်ထဲကထွက်လိုက်ပြီး
"လာကလိနေတာကိုမေးနေတာဖြေဦးလေ။မင်ဝေဘယ်မှာလဲလို့"
"သိဘူးကျန့်ကောရာကျွန်တော်စိတ်ဝင်စားတာကောတစ်ယောက်ထဲ"
"အပိုတွေ ဖုန်းလာနေတယ်ကိုင်လိုက်ဦး"
"အင်း"
ဝမ်ရိပေါ်ဖုန်းကိုspeakerဖွင့်ပြီးပြောလိုက်တယ်။
"ဝမ်ရိပေါ် ကို ကန်ယွီမင်ဘက်ကစစ်ကြေငြာတယ် ။နေရာနဲ့အချိန်ပို့လိုက်မယ်"
အဲ့တာလေးပြောပြီးဖုန်းချသွားတယ်...။ရှောင်းကျန့်မှာသူတို့ဘက်ကဘာမှပြန်မပြောလိုက်ရလို့စိတ်တိုနေတယ်။
"ဝမ်ရိပေါ်"
"ဗျာ"
"အဲ့နေ့ငါလိုက်မှာ"
"ကောလိုက်လို့မှမ...."
ဝမ်ရိပေါ်ရဲ့ရှေ့ဆက်မဲ့စကားတို့ကရှောင်းကျန့်ရဲ့မျက်စောင်းအောက်မှာရပ်တန့်သွားရသည်။
"ကျန့်ကော စစ်တိုက်တာကစစ်တိုက်ပါ။အခုလေ ကျွန်တော့်ကိုအားဆေးလေးပေးလို့မရဘူးလား"
"ဝမ်ရိပေါ် မင်းတော်တော်ဆိုးတယ်"
"ကျန့်ကောတစ်ယောက်ထဲပါ"
