" သားလေး ? "
"အင်း ဟုတ်တယ်..သားလေးက မင်းလိုပဲ..နှုတ်ခမ်းအောက်မှာ မှဲ့လေးပါတယ်..ပြီးတော့ ပန်းရနံ့လဲ ရတယ် ရှီဟီးး "
* သားလေးလား..ဒါဆို..နတ်ဆရာမ ပြောခဲ့တာတွေကကော..သားလေးဖြစ်သူနဲ့ သက်ဆိုင်ဦးမှာလား *
" မင်းသား..ကျွန်မ ကလေးကို ပွေ့ပါရစေ "
ဇီကျင်းလက်ထဲက သားငယ်လေးအား ပွေ့၍ မြတ်မြတ်နိုးနိုးကြည့်တယ် ။
" ရှီဟီး သားတော်လေးကို ဘာအမည်ပေးမလဲ "
" ရှောင်းကျန့် "
" ရှောင်းကျန့် .... လိုက်ဖက်တယ်.. ရှောင်းကျန့်တဲ့ သားတော်ရေ "
ရှောင်းက သူမရဲ့ အဘိုးနာမည်တလုံးနဲ့
ကျန့်က သူမကိုယ်တိုင် ပေးတဲ့ နာမည်လေး ဖြစ်တယ်။
နောက်တော့ ရှောင်းကျန့်လေးက ဗိုက်ဆာလာတယ်လို့ ထင်ပါ့
အော်ငိုပါလေရော ။
အဆောင်တစ်ခုလုံး ငိုသံလေးတွေ ပျံ့လို့ခဲ့တယ် ။
************
ရှောင်းကျန့်လေး အသက် ၅ နှစ်မှာ ခမည်းတော် ၀မ်အရှင် ( ရှောင်းကျန့်ရဲ့ ဘိုးတော် )က ကွယ်လွန်သွားခဲ့ရတယ် ။
အခုလဲ ၀မ်အရှင်ရဲ့ အိမ်ကို သွားလည်ပြီး အပြန်လမ်းမှာ ရှောင်ထုထုတွေကို သွားဖမ်းဆော့မယ် လုပ်နေတဲ့ မင်းသားလေး ရှောင်းကျန့်ရယ်ပါ ။
( အိမ်ဆိုတာ အုတ်ဂူပြောတာ ၊ တော်ဝင်မျိုးတွေ သပ်သပ် အုတ်ဂူနေရာရှိပြီး သူတို့အရိုးပြာအိုးကိုကျတော့
ကြုံတိုင်း ကန်တော့ဖို့ အဆောင်သပ်သပ်ရှိကြတယ်မလား )
" မင်းသားလေး... အရမ်းမပြေးပါနဲ့ ...ကျွန်မတို့မောနေပြီ "
" ကျန့်ကျန့်က ထုထုတွေကို တအား တွေ့ချင်နေပြီ... မြန်မြန်လာလေ .."
စကားကတော့ အရမ်းတတ်တယ် ၊ ဒါပေမဲ့ မပီရှာဘူး ။
လုံးကစ်ကစ်လေးနဲ့ ပြေးလိုက်တိုင်း မက်မွန်လုံးတွေက တုန်ခနဲပဲ ။ ပါးလေးတွေ ဖောင်းကစ်ပြီး ၊ ယုန်သွားလေးနဲ့ တစ်မျိုး ချစ်ဖို့ကောင်းနေပြန်သည် ။
အပြန်လမ်းတွင် အရှင်ဝမ်ရိပေါ်နဲ့ ထိတ်တိုက်တွေ့တယ်။
ဝမ်ရိပေါ်က အပျိုတော်တွေကို ကြည့်၍
YOU ARE READING
⚠️𝙇𝙞𝙠𝙚 𝘼 𝙍𝙤𝙮𝙖𝙡 𝙎𝙚𝙭 𝙎𝙡𝙖𝙫𝙚 ⚠️(𝙕𝙖𝙬/𝙐𝙣𝙞) 𝙈𝙥𝙧𝙚𝙜
Historical Fictionအစမကောင်းခဲ့တဲ့ ဇာတ်လမ်းက နောက်ဆုံးမှာ Happy Ending ဖြစ်ကြတယ် ❤️ Completed. Start Date-Apirl 13 .2021 End Date - July 26.2021
LASS-4🚨🚨🚨
Start from the beginning
