"ကို့ကို ယုံပါတယ်...ဘယ်လိုကိစ္စပဲဖစ်ဖြစ် ကို ဖြေရှင်းနိုင်မယ်ဆိုတာ ယုံပါတယ်...ဒါပေမဲ....သော်တို့ကိစ္စက... ဟို...လူတွေနားလည်ပေးဖို့ခက်တယ်လေ...ကို့အလုပ်ထိခိုက်မှာ ကြောက်တယ်"

" ဘာဆိုင်လဲ သော်ရဲ့....သော့်ကိုချစ်မိတာနဲ ကိုက တခြားလူတစ်ယောက်ဖြစ်သွားတာမှ မဟုတ်တာ ကိုက
ကိုပဲလေ....ပိုတောင်ပြည့်စုံသွားသေးတယ်....သော် အနားမှာရှိတော့....ဟုတ်ဘူးလား...ကို့သော်လေးက အတွေးအမြင်ကို ခေတ်လူငယ်လိုတွေးစမ်းပါ...ရဲရင့်ကဘာပြောလဲ"

"ရဲရင့်ကတော့ သော်တို့ဘက်မှာရှိမယ်တဲ့...အားပေးပါတယ်...သော်ကသာ...ကို့အတွက်..."

"ရဲရင့်ကတောင် ဘေးကနေ အဲ့လိုတွေးပေးနိုင်တာကို...သော်က ကို့လက်ကိုတွဲပြီး ရင်မဆိုင်ရဲဘူးလား"

"အဲ့လိုမဟုတ်ပါဘူးကိုရယ်....တော်ကြာ...လူတွေက...ကို့ကို"

"ဘာပြောပြောပေါ့သော်ရယ်....ကိုက သော်ရှိရင်ရပါပြီဆိုမှ....တကယ်တမ်းပြောပြရရင် ကို မေမေနဲ့တောင် ဆန့်ကျင်ပြီး သော့်ဘက်ရပ်ခဲ့တာပါ...ဒါတွေက ပြီးခဲ့ပြီဆိုပေမဲ့လေ...သော်သိစရာမလိုတော့ပေမဲ့....သော် ကို့အနားမရှိခင်ကတည်းက...ကိုက သော်တစ်ယောက်ပဲရင်ထဲရှိတဲ့အထိ...မေမေ့စကားကိုလဲ သော်နဲ့ပတ်သက်လို့ပဲ ကို နားမထောင်ခဲ့တာ...ကို မေမေ့စကားနားထောင်တာ သော်သိသားပဲ.... ဒါပေမဲ့.... နောက်ပိုင်းမှာ...မေမေ့စကားကို... ကို... အလုံးစုံနားမထောင်နိုင်တော့တာလေ.... သော့်အတွက်... သော့်ကြောင့်ပါပဲ"

မိုးဦးသော့်ကို ရှည်ရှည်ဝေးဝေးရှင်းပြမိသည်။
သော်က သူ့အတွက်သူစိတ်မပူအား။ မိုးဦးကို လူတွေအကြည့်တမျိုးနဲ့ကြည့်မှာ မြင်မှာကိုသာ အသည်းအသန်စိတ်ပူနေရှာတာ။ မေမေက အရင်ကတည်းက မိုးဦး သော့်အပေါ် ဘယ်လိုစိတ်ရှိခဲ့သည်ကိုသိသူပဲလေ။
မေမေ့အကြောင်းပြောလျှင် သော်အပေါ်အားနာစိတ်ဖြစ်ရလို့ မိုးဦး သော့်ကို မေမေ့အကြောင်းမပြောပြဖြစ်ခဲ့။

မိခင်တစ်ယောက်ရဲ့ သားအပေါ်ထားတဲ့စိတ်ကိုလဲ မိုးဦးနားလည်ပါသည်။ ဒါကြောင့် မေမေ့အပေါ်ကိုလဲ အပြစ်မတင်ရက်ပါ။ ပြီးတော့ မိုးဦးက မေမေ့ရဲ့ တစ်ဦးတည်းသောသားလေ။ မေမေ့မျှော်လင့်ချက် ကြီးကြီးမားမားထားခဲ့မှာပင်။ မိုးဦးကိုရော သော့်ကိုရော မေမေပြုစုပျိုးထောင်ခဲ့တာ လိုအပ်ချက်မှမရှိခဲ့တာ။
မိုးဦးနှလုံးသားကသာ မေမေ့ဖြစ်စေချင်သလို မလိုက်နာနိုင်ခဲ့တာ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now