"သော်လေး. . .စာတစ်ဖက်နဲ့ပင်ပန်းနေရင် ကို့ အတွက်အလုပ်ပိုတွေ မလုပ်နဲ့"

"မပိုပါဘူး ကိုရယ်. . .လုပ်​နေကျဖြစ်နေတော့ အလုပ်ပိုလို့မထင်ပါဘူး"

"သော်. . .ဒီတစ်ပတ်ပိတ်ရက်လေ...ကိုတို့ ဘုရားသွားရအောင်နော်....သော် အပြင်မထွက်တာကြာနေပြီ စာတွေချည်းလုပ်နေရတာ ကို့သည်းပေါက်လေး"

"အင်း....သွားလေ"

ဘယ်တုန်းကမှ...မိုးဦး သော့်ကိုစကားနှစ်ခွန်းမပြောခဲ့ရပါ။ မိုးဦးစကားကို သော် ငယ်ငယ်လေးကတည်းက နားထောင်ခဲ့တာပါ။ ခု ပို​တောင်နားထောင်သေးသည်။
မိုးဦးသူ့ကို သိပ်ချစ်မှန်းသိသည်။ စိတ်မချမှန်းလဲသိသည်။ ဒါကြောင့် မိုးဦး စိတ်ပူရမဲ့ကိစ္စလုံးဝမလုပ်တော့။
ဒါကြောင့်ပဲ အချစ်ပိုနေရတာ။

ထမင်းစားပြီးတော့. . .သော့်မျက်နှာလေးက တမျိုးလေးဖြစ်နေသည်။ တစ်ခုခုပြောစရာရှိသလိုလေး။ မိုးဦးကလဲ laptop တစ်လုံးနဲ့အလုပ်ကမပြတ်သေး။ စာလုပ်နေရင်း မိုးဦးကို ခိုး ခိုးပြီးကြည့်နေသည်။

"သည်းသော်လေး. . .ဘာပြောစရာရှိလို့လဲ"

"ကို...အလုပ်ပြီးပြီလား ဟင်"

"ပြီးပြီ...သော်ရော... စာ တွေအကုန်ရပြီလား ဘာအခက်အခဲရှိလဲ"

" စာကရပါတယ် ကိုရယ်. . .ဟို ဟိုလေ"

"ပြောပါ....ဘာများပြောမှာမို့လို့လဲ သော်ရယ်"

"ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကလေ...ရဲရင့် အိမ်ကိုလာသွားတယ်"

"အင်း"

"ကိုနဲ့သော့်အကြောင်း မေးတယ်"

"အင်း"

"ဟို ဟို အလုပ်မှာ အရင်လိုပဲလား ဟင်...သူပြောတာ မမြင့်မိုရ်လဲသိတယ်တဲ့"

"ဟုတ်လား...အင်း...မြင့်မိုရ်ကသိမှာပါပဲ...ကိုကအရမ်းသိသာနေတာကြောင့်....ဟား.ဟားး"

ပြောရင်း မိုးဦးသ​ဘောတကျနှင့်ရယ်သည်။

သော် ကို့ကိုငေးရင်း.... ကိုကတော့ စိတ်ပေါ့ပါးနေတာပဲ။

"ကိုက ရယ်နိုင်သေးတယ်...သော်က စိတ်အရမ်းပူနေတာ... ကို့ကို"

"သော့်ကို အတွေးမများဖို့ ကိုပြောထားတယ်လေ...ကိုကဘယ်သူသိသိအရေးမထားဘူး...ကို သော့်အတွက်ကလွဲရင် ကျန်တာဘာမှမပူဘူး...သော်က ကို့ကို မယုံဘူးလား....မြင့်မိုရ်ကိုလဲ ကိုကပြောပြတော့မလို့ပါပဲ....ရုံးမှာလဲအလုပ်ကများများနဲ့...နှစ်ယောက်ချင်းတွေ့ဖို့က အဆင်မပြေဘူးလေ...ကိုက သော့်အတွက်တွေးပြီး မပြောသေးတာပါ..ကို့စိတ်အတိုင်းဆို လက်ထပ်တောင်ပြီးနေမှာ"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now