Chapter 2 (Part-1) ~ Zawgyi

111 8 1
                                    

Lesson 2 - မင်းကို ခေါ်သွားခွင့်ပေးပါ

Lesson 2 - မင်းကို ခေါ်သွားခွင့်ပေးပါ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ငါ့ကိုမှီခိုလိုက်ပါ...
ဖြစ်နိုင်ရင် ငါ့ကိုပဲကြည့်‌ပေးပါ
မင်းနဲ့အတူရှိနေမယ်
ဝမ်းမနည်းပါနဲ့

-ကောင်းရှီဒဲ

~~~

(ဒါကြီးက...
ဘာဖြစ်သွားတာလဲ...
ကောင်းရှီဒဲ ဘာလုပ်လိုက်တာလဲ?
ဘာလို့ ငါ့ကို နမ်းတာလဲ?)
"နမ်း-နမ်း တယ်??!"




T/N: FunzeeShu ရဲ့ cut လေးပါ ❣️

~~~

ကျိုးရှုးယိ မျက်လုံးတွေပြူးလာပြီး သူ့ဂုတ်ပိုးနဲ့ ခါးပေါ်က ကောင်းရှီဒဲရဲ့ တင်းကျပ်တဲ့ ချုပ်ကိုင်မှုတွေကနေ လွတ်အောင်ကြိုးစားလိုက်တယ်။ လွတ်သွားနဲ့ အပေါ်ကို အမြန်ကူးသွားလိုက်တယ်။ အသက်ရှူဖို့လဲ အလွန်အမင်းလိုအပ်နေပြီလေ။ သိပ်မကြာခင်မှာပဲ ကောင်းရှီဒဲလဲ ရေကူးကန်မျက်နှာပြင်ပေါ်မှာ ပေါ်လာခဲ့တယ်။

ကောင်းရှီဒဲ : "မင်း ဘာဖြစ်နေတာလဲ? သေချင်လို့လား?"

ကျိုးရှုးယိ : "မင်းကမှ ဘာဖြစ်ချင်နေတာလဲ? ဘာလို့ ငါ့ကို နမ်းတာလဲ?"

ကောင်းရှီဒဲ : "မင်း ရေအောက်မှာ တော်တော်ကြာနေလို့လေ"

ကျိုးရှုးယိ : "မင်းအပူမပါဘူး! ငါ့ကို ဘာလို့လာဂရုစိုက်နေတာလဲ?"

ကောင်းရှီဒဲ : "မင်း ကျန်းယုရှင်းကို အဲ့လောက်တောင်ကြိုက်တာလား? သူ ဖန်ဇန်ဝမ်နဲ့ တွဲသွားရုံနဲ့ သေချင်စိတ်ပါပေါက်သွားတာလား?!!"

We Best Love - No.1 for you [Myanmar Translation of Retelling Version]Where stories live. Discover now