Chapter 1 (Part-2 ) ~ Zawgyi

117 10 0
                                    


ဒီလိုနဲ့ ကျိုးရှုးယိ နဲ့ လျူပင်းဝေတို့ ကောင်းရှီဒဲကို လက်စားချေမဲ့ အစီအစဉ်ကြီးစတင်အကောင်အထည်ဖော်ကြသည်။

~ Plan #1 - " Powder Bomb "

လျူပင်းဝေတစ်ယောက် အဝတ်လဲခန်းထဲမှာရှိတဲ့ ဆံပင်လေမှုတ်စက်အဝထဲကို ပေါင်ဒါမှုန့်တွေ လောင်းထည့်နေသည်။ ရေကူးလေ့ကျင့်ချိန်ပြီးတိုင်း ကောင်းရှီဒဲဟာ ရေချိုးပြီး သူ့ဆံပင်ကိုလေမှုတ်လေ့ရှိတယ်လေ။

"ပင်းဝေ! ခုထိ မပြီးသေးဘူးလား" အဝတ်လဲခန်းနားက ရေချိုးခန်းတံခါးဘက်ကို ကြည့်နေရင်း ကျိုးရှုးယိ လှမ်းမေးလိုက်သည်။ ကောင်းရှီဒဲ ရေချိုးမပြီးသေးဖို့နဲ့ သူတို့ရှိနေတဲ့နေရာကို မလာသေးဖို့ ဆုတောင်းနေရင်းပေါ့။

"ခဏလေး... ပြီးတော့မယ်" ဆံပင်လေမှုတ်စက်အဝထဲကို ပေါင်ဒါထပ်ထည့်လိုက်ရင်း လျူပင်းဝေဖြေလိုက်သည်။

ကျိုးရှုးယိ : "သူတို့လာနေပြီ မြန်မြန်လုပ် ... မြန်မြန်!"

လျူပင်းဝေ : "ရပြီ! ပြီးပြီ!"

ကျိုးရှုးယိ : "သွားစို့!" ဆံပင်လေမှုတ်စက်ကို နေရာတကျပြန်ထားပြီးတဲ့ လျူပင်းဝေကို တံခါးပေါက်နားက လော့ကာတွေနောက်ဆီ ချက်ချင်းဆွဲသွားလိုက်သည်။ ၂ ယောက်သား လော့ကာနောက်မှချောင်းကာ ဖုန်းကင်မရာပါဖွင့်ပြီး အဖြစ်အပျက်ကို ရိုက်ကူးထားဖို့ပါ အသင့်အနေအထားနဲ့ စောင့်နေကြသည်။

ရှစ်ဇီယွီ : "ရှီဒဲ! ငါ hair dryer အရင် သုံးလို့ရမလား"
ကောင်းရှီဒဲ : "အင်း" သူ့ဆံပင်တွေကို တဘက်နဲ့သုတ်နေရင်း တုံးတိဖြေလိုက်သည်။

ရှစ်ဇီယွီ : "ကျေးဇူး"

ဆံပင်လေမှုတ်စက်ကို ယူကာ ခလုတ်ကိုဖွင့်ဖွင့်ချင်း ပေါင်ဒါမှုန့်ဖြူဖြူတွေ ဗြုန်းခနဲ ထွက်လာကာ ရှစ်ဇီယွီရဲ့ ဆံပင်တွေနဲ့ မျက်နှာတခုလုံး ဆွတ်ဆွတ်ဖြူသွားတော့တယ်။ သူနဲ့မနီးမဝေးမှာ ရပ်နေတဲ့ ကောင်းရှီဒဲကိုလဲ ပေါင်ဒါမှုန့်တွေ ထိသွားခဲ့တယ်။ ရှစ်ဇီယွီလောက်တော့မဆိုးပေမဲ့ သူလဲပဲ ဆံပင်နဲ့ရင်ဘတ်တွေပေါ်မှာ ပေါင်ဒါမှုန့်နည်းနည်းတော့ ပေသွားခဲ့တယ်။

We Best Love - No.1 for you [Myanmar Translation of Retelling Version]Where stories live. Discover now