ဤဇမ္မူငါလိုလူမရှိ ဟူသော ရေသည်ယောကျား၏ သူပိုင်ဆိုင်ရာ အသပြါကို တန်ဖိုးထားသည်ကဲ့သို့. . .မိုးဦးသည်လဲ သော့်အချစ်ကို အလွန်တန်ဖိုးထားသည်။ ဂုဏ်ယူသည်။ သော့်ကိုပိုင်ဆိုင်ခွင့်ရသည့်အတွက်ပေါ့။
သော်က မိုးဦးပိုင်ဆိုင်မှုထဲတွင် တန်ဖိုးအကြီးဆုံးသောအရာသာဖြစ်သည်။

သော့်မျက်ဝန်းလေးတွေ ရီဝေစွာ. . .သော့်နှုတ်ခမ်းလေးမှာ မိုးဦးကြောင့် . . .နီရဲလျက်. . .အမ်း. . .ဟမ်း. . .ကိုက်ပါကိုက်လိုက်ရမှာကွာ. . .
ချစ်တယ်. . .အရမ်ချစ်တယ်. .  သော်ရယ်။

"သည်းသော်ရယ်. . .ကို ရူးတော့မှာပဲ"

"ရူးသွားပြီ... မဟုတ်ဘူးလား"

တစ်ခါတစ်ရံ သော်က မိုးဦးကို အသည်းယားအောင်သိပ်စသည်။

"ဟမ့်. . .ရူးနေရင်ဒီလောက်နဲ့ရမလား ကို့ထန်းလျက်ခဲလေးရဲ့. . . အခန်းထဲခေါ်သွားပြီး ကားယားလေးဖြစ်အောင်လုပ်မှာပေါ့... သည်းသော်လေး....အော်နေရမှာ"

"ကို. . .ခင်ဗျား. . .နှာဗူးလား. . .လူကိုနော်. .ဘာ ကားယားလေးလဲ... နောက်တစ်ခါလာမထိနဲ့"

"ဟုတ်တယ်လေ. . .သော့်တစ်ယောက်ထဲကို အချိန်တိုင်းဗူးချင်နေတဲ့သူ. . .ဒါနဲ့ ဘယ်လိုခေါ်လိုက်တာ ခုနက...နောက်တစ်ခါလာမထိနဲ့ကရော ဘာလဲ"

"ယောင်သွားတာပါ...ကန်တော့ ကန်တော့"

"ယောင်စရာလား. . .နောင်တစ်ခါ အဲ့လိုတစ်ခွန်းယောင်ရင်. . .ယောကျားလို့ အခွန်းတစ်ရာခေါ်ရမယ်"

"ဘာကို ယောကျားလဲ. . .ခေါ်ချင်ပါဘူး"

နှုတ်ခမ်းလေး ထော်ပြီးပြောသည်။

"ကိုက ကြားချင်နေတာကို. . .ခေါ်ကြည့်ပါအုံး"

"ကိုကလဲကွာ...သော့်ကိုအနိုင်ကျင့်တယ်...ယောကျားလို့တော့မခေါ်ရဲသေးဘူး...ကိုက တောင်းဆိုရင်းလဲမငြင်းချင်ဘူး...သော်က...သော်က"

ပြောနေတာ မျက်နှာငယ်လေးနဲ့....

"Sorry...သော့်ကို မိန်းကလေးမြင်လို့မဟုတ်ပါဘူး...ကိုက သည်းသော်ကိုချစ်လွန်းလို့ပါ...သည်းသော်လေးရယ် sorry ပါကွာ...ကိုက လောဘကြီးနေတာ...စိတ်မကောင်းမဖြစ်နဲ့. . အင်း...ဒါပေမဲ့ ခင်ဗျားလို့ ကို့ကိုနောက်တခါပြောရင် ကိုစိတ်ဆိုးတော့မှာနော်"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now