"အွန်းးးးးးးအ့.... ကို့...."

သော့်ညည်းသံလေး. . .တိုးတိုးထွက်လာသည်။
သော်လေး မောနေပြီ။
ခဏတော့ လွှတ်ပေးလိုက်သည်။

မျက်စောင်းထိုးချင်သလို ပုံစံလေးနှင့် မိုးဦးကိုပြန်ကြည့်နေရင်း. . .အသက်ကို လုရှုနေသည်။

"ကို. .က. .လေ...."

စကားမဆုံးသေးပါ။ မိုးဦး ​နောက်တစ်ကြိမ်ထပ်မံနမ်းဖို့ ကြိုးစားသည်။ နှုတ်ခမ်းလေးက နမ်းထားတော့ စိုစွတ်ပြောင်လက်နေသည်။ လျှာနှင့် သော့်နှုတ်ခမ်းကို သပ်လိုက်တော့. . .

"အင်းးးးးးးကို့. . ."
မပီမသအသံလေးထွက်လာပြန်သည်။

လျှာကို ဟ ဟလေးပွင့်နေတဲ့ ခံတွင်းထဲတိုးဝင်ရင်း... တလှုပ်လှုပ်နဲ့ရဲစိုနေတဲ့ သော် လျှာဖျားလေးကို ဆွဲကာ စုပ်မိသည်။

မိုးဦး အနမ်းတွေ ကြာရှည်ရခြင်းရဲ့ တရားခံ။
ကိုယ့်ပါးစပ်ထဲရောက်လာရင် ပြန်မလွှတ်ချင်လောက်အောင် လူကို ပြုစားတတ်တဲ့တရားခံ။ အမြဲ တမ်းတနေရလောက်အောင် ဆွဲဆောင်တဲ့တရားခံ။
ဒီလျှာဖျားလေးပေါ့. . .
အရမ်းကို ချိုမြိန်ပြီး ထပ်ကာ ထပ်ကာ နမ်းချင်မိသည်။

သော့်ရဲ့ တုံ့ပြန်မှုကတော့ ခုချိန်ထိ ရိုးရှင်းစွာ. . .
မိုးဦး နှုတ်ခမ်းတွေကို မထိတထိလေးသာ ပြန်လည်တုံ့ပြန်သည်။ အသည်းယားစရာ ကို့သည်းသော်လေး။
မိုးဦး လျှာကိုလဲ မထိတထိနှင့်သာ။
ဒါမျိုးလုပ်နေလို့ပေါ့ မိုးဦးကြည်သာတို့က အသည်းယားလာလိုက် ထပ်နမ်းလိုက်. . .နားပြီး သူ့အနမ်းခြေရာတွေပြန်ကြည့်လိုက်. . ဖူးပြီးရဲစိုနေတဲ့သော့်နှုတ်ခမ်းလေးကိုမြင်ရင်. . အူယား အသည်းယားဖြစ်ကာ ပြန်နမ်းလိုက်။ အနမ်းသံသရာစက်ဝန်းကို လည်ချင်သလောက် လည်နေတော့သည်။

သော်က မိုးဦးအပိုင်...သည်းသော်လေးဟာ မိုးဦးချစ်သမျှ ခံနိုင်သူ. . .သည်းသော်ကို မိုးဦးသာ ဒါမျိုးထိတွေ့ခွင့်ရှိသည်။ မိုးဦး​တောင်းဆိုတာကို ဘယ်သောအခါမှမငြင်းတဲ့ သော့်ကို မိုးဦး ချစ်လှပါသည်။
မိုးဦးအပေါ်မှာ သော်ရဲ့ ပျော်ဝင်နေမှုအတွက် မိုးဦးက အချိန်တိုင်း ဂုဏ်ယူသည်။

ချစ်သူ့စကား ရင်နှင့်ကြားစေजहाँ कहानियाँ रहती हैं। अभी खोजें