အပိုင်း(1)Unicode+Zawgyi

Start from the beginning
                                        

ကလေးစိတ်က ကုန်သေးတာမဟုတ်ဘူးရယ်။

အငယ်ဆုံးလေး သူမမြေးလေး ဖြစ်တဲ့

သားဝမ်ကိုတောင် စိတ်ဆိုးစိတ်ကောက်နေတာ

အကြီး အငယ် မသဲကွဲဘူး။

"ကျန့်ကျန့်..မေမေ ဆန်းဒဝစ်
လုပ်ပေးထားတယ်

နောက်ကျနေပြီမို့လို့ ဘူးနဲ့ပဲ ယူသွား..

ဟိုကျ သားနဲ့ဝမ်ငယ်နဲ့တူတူစားကြနော်

ဒီတစ်ပါတ် ရှုတင် နားရက်ကျရင်

ကွန်ဒို မပြန်နဲ့တော့ အိမ်ကိုပဲ လာလို့
လည်း ပြောလိုက်..

ကြားလားသား.."

"ကြားပါတယ်... ကြားပါတယ်...

ပြောပြလိုက်ပါ့မယ်"

"ဝမ်ငယ်ကို အနိုင်မကျင့်ရဘူးနော်သား.

.သားက အကြီး ကိုယ့်ထက်

အငယ်လေးကို အလျော့ပေးရမယ်"

"ဟွန့်... မိုးလင်းကနေ... မိုးချုပ်ထိ

ဝမ်ငယ်ဆိုတာကြီးပဲ.. သူကပဲသားကို

အနိုင်ကျင့်တာ မေမေ မသိပဲနဲ့..

သားကို အမှိုက်ပုံက ကောက်လာတာမဟုတ်ပါဘူးနော်မေမေ..."

"တယ်!!!ဒီကလေးကတော့လေ...

မဆိုးနဲ့နော်သား.. မေမေ က

မေမေ့သားလေးကို အရမ်းချစ်တာသိတယ် မဟုတ်လား.."

ထိုသို့ ဆိုမှ  မျက်လုံးလေးများမှိတ်ကျသွားအောင် ရယ်ပြရင်း..

"ဟီး... သိပါတယ် မေမေရဲ့ ချစ်တယ် သားလည်း. ..ဟိဟိ  အာဘွား.."

"တာ့တာ့နော်..မေမေ"

~~~~~~~~~~~~~~~

Sudioကိုရောက်တော့.. ဝမ်ရိပေါ်က ​ရောက်နှင့်နေပြီ။
ဖုန်းကို အကြည့်မပျက်သူကြောင့် စကားမဆိုတော့ပဲ ဗိုက်ကို အရင်ဖြည့်ဖို့လုပ်ရတယ်။

"ကျစ်... အိမ်က မစားခဲ့ဘူးလား..

အချိန်လည်းကြည့်ဦး.."

မုန့်ကို ပါးစပ်အပြည့် ဖောင်းကားနေအောင် ဝါးနေရင်း.

ရှောင်းကျန့်က သူ့ကို လှမ်းကြည့်လာတယ်။
..
ပါးတွေတော့ ပေါက်ထွက်ကုန်တော့မှာပဲ။

^^Relationship between me and my nephew^^^(complete)Where stories live. Discover now