[22]' Enemies of the damn '

Start from the beginning
                                    

Ash : " ကိုယ်တော်သိပြီ မင်း စတော်ဘယ်ရီဝိုင်လုပ်မလို့ပဲ "

သကြားနဲ့ စတော်ဘယ်ရီရောထား‌တဲ့ ကြွေအိုးဖြူကို ကြည့်ကာ သူကောက်ချက်ချသည် ။ စိတ်ကောင်းဝင်နေပုံရသော ထိုမျက်နှာလှလှအား မငြင်းရက်၍ Afa ခေါင်းသာ ညိတ်လိုက်၏ ။

" ဟုတ်ကဲ့ ... "

Afa . အဖြေကိုကြားသော် သူ အလိုမကျဖြစ်ကာ မျက်မှောင်တွေ ကျုံ့သွား၏ ။ သူ့အလိုကိုလိုက်ရင် သူစိတ်ချမ်းသာမည် ထင်ခဲ့ပေမယ့် မဟုတ်ပြန်ဘူး ။

ဝိုင်မဟုတ်ပါဘူးလို့ ပြန်ပြင်ပြောလိုက်ရမလား ?

Afa မှာ အကြံအိုက်ရပြီ ။

Ash : " အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်က အရက်သောက်ပြီး ဘာလုပ်မလို့လဲ ? "

သူ အမြတ်ထွက်ပုံကလဲ ဆန်းလှပါသည် ။ ကျွန်ငယ်လေး အရက်သောက်တာ ဒီလောက်ကြီးကျယ်တဲ့ အမှားတဲ့လား ? ပြီးတော့ Afa ဟာ အရွယ်ရောက်ပြီးတာလွန်လို့ ဒီနှစ်နွေဝင်ရင် အသက်ဆယ့်ကိုးနှစ်ပြည့်ပါပြီ ။

" Afa က အရွယ်ရောက်ပါပြီ ... "

Afa က မဝင့်မရဲပြန်လည်ချေပမိတော့ သူ ညစ်ကျယ်ကျယ်ပြုံးကာ Afa ရဲ့မျက်နှာကို စူးစိုက်ကြည့်သည် ။ သူ့အကြည့်က လူကို ပူပြင်း‌စေတာမို့ အကြည့်ခံရသူမှာ ဘယ်လိုနေရမလဲတောင် မသိတော့ပေ ။

ရင်တွေပါတုန်၏ ။

" ကြာ ... ကြာပြီ "

Afa ခေါင်းလေးငုံ့ကာ ထေ့ထေ့ငေါ့ငေါ့‌ဆက်ဆိုလိုက်မိသည် ။

Ash : " ဒီဧကရာဇ်ကိုယ်တိုင်က ကလေးလို့ပြောရင် ကလေးပဲပေါ့ ။ မင်း အရက်သောက်ချင်လဲ ကိုယ်တော်ခွင့်ပြုမှ သောက်ရမယ် "

သူက မာထန်ထန်ကြီးမိန့်လေတော့ ကျွန်ငယ်မှာ နာခံရုံသာ ... ။ မသိမသာဆူသွားတဲ့ နှုတ်ခမ်းပါးတွေကို Afa မထိန်းချုပ်လိုက်နိုင် ။ သူသတိထားမိသွား၏ ။

Ash : " ဘာဖြစ်လဲ ? ကိုယ်တော့်ကို မကျေနပ်ဘူးလား ? "

" ဟင့်အင်း မဟုတ်ပါဘူး Afa မလုပ်ရဲပါဘူး "

Afa လဲ ပြာသလဲလဲခေါင်းခါပြရသည် ။ Afa ရဲ့အပြုအမူတိုင်းကို သူမြင်တတ်တာက အရည်အချင်းတစ်မျိုးပဲလား ... Afa ခမျာမှာ စိတ်အလိုမကျလဲ မျက်နှာလေးတောင် ပုပ်လို့မရ ။

Days of Counting Camellia (Hiatus)Where stories live. Discover now