"ဘာမပြေစရာရှိလဲ. . မမကအေးဆေးပါကွ. . .ပြီးတော့ သူတို့နှစ်​​ယောက်လုံး နိုင်ငံခြါးမှာနေဖူးတဲ့သူတွေ. . .မထူးဆန်းပါဘူးကွ"

မျက်နှာငယ်လေးနှင့်. . .သူ့ချစ်သူကိုစိတ်ပူနေရှာတာ။
ရဲရင့်က အေးချမ်းမျက်နှာကိုကြည့်ရုံနဲ့ အရာရာကိုသဘောပေါက် နားလည်မိသည်အထိ။

"ငါလဲ သဘောတူတယ်ကွာ. . .မင်းကို အထင်သေးဖို့စိတ်ကူးထဲတောင်မရှိဘူး. . .ကိုမိုးဦးကိုဆို ပိုဆိုး. . အထင်သေးစရာ... ရှိမှမရှိတာ"

"နားလည်ပေးလို့ကျေးဇူးပါကွာ. . .သူလဲ ငါတို့ကိစ္စကို ဖုံးကွယ်ဖို့စိတ်ကူးမရှိဘူး. . .ငါကသာ. . .မပြောပြဖို့အတင်းတောင်းဆိုထားတာ..."

"ငါထင်ပါတယ်.. ကိုမိုးဦးကဒီလိုပဲဖြစ်မှာ"

"ငါ့ကို သူ လက်ထပ်မယ်တဲ့. . .ငါကသူ့အတွက်စိတ်ပူတာပါ. . .လူတွေက ဒါမျိုးကိစ္စလက်ခံဖို့ခဲယဥ်းတယ်လေ "

"ခေတ်မှီနေပါပြီကွာ. .မင်း. .စိတ်မပူနေ​ပါနဲ့...ကိုမိုးဦးအားလုံး.... စီစဥ်သွားပါလိမ့်မယ်. ."

"အင်း. . .ငါတို့ကိုနားလည်ပေးလို့ ကျေးဇူးပါကွာ"

"အေးပါ....ငါက မင်းကို အမြဲနားလည်ပြီးသားပါ"
.
.

ရဲရင့် နှုတ်ဆက်ကာပြန်သွားတော့. . .သော် တစ်ယောက်ထဲ အတွေးများကျန်ခဲ့ရသည်။

ဘယ်လိုတောင်နေလို့ ဘေးလူ ရိပ်မိရသည်လဲ။
သူကတော့ တစ်လောကလုံးကို ဂရုမစိုက်မှန်းသိပါသည်။
သော့်မှာတော့ အားတင်းပြီးပြောလိုက်ရခြင်းသာ။
ရှက်လိုက်တာ. . .ရဲရင့်မို့လို့တော်သေးသည်။
ဒါကို. . .သူ ဘယ်လိုသတ္တိနဲ့လူအများကိုကြေငြါမလဲမသိ။ တကယ်ကြောငြါရဲမှန်းလဲသိပါသည်။
ဒါပေမဲ့ပေါ့. . . .အင်း. . .မတွေးတော့ပါ။
မိမိဉာဏ်မမှီသည့်ကိစ္စများအတွက် ကို့နောက်သို့ယုံကြည်ပြီးလှမ်းလျှောက်ရန်သာ။
.
.
.

ညနေရုံးဆင်းတော့ ရဲရင့် မြတ်နိုးကိုအပြင်ခေါ်လာခဲ့သည်။

"နိုးနိုး... "

"ရှင်. . .ကိုကို"

"ကိုကိုနဲ့နိုးနိုးအကြောင်း မမကိုပြောပြလိုက်ပြီ သိလား"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now