.
.
.
နောက်နေ့မနက်မှာ... ရဲရင့် အေးချမ်းဆီသွားဖို့ပြင်သည်။
ကိုမိုးဦးကားထွက်သွားတာ သေချာမှ. . .အပေါ်တက်ခဲ့လိုက်သည်။

"ဟာ. . .ရဲရင့်. . .မင်းရုံးမသွားဘူးလား. . .ငါ့ဆီကိစ္စရှိလို့လား"

"မင်းကို မေးစရာရှိလို့ကွ"

ရဲရင့်အိမ်ထဲလှမ်းဝင်လိုက်ရင်း ပြောလိုက်သည်။

"မေးလေ"

"အမှန်အတိုင်းပြောနော်. . .မင်း ငါ့ကိုသူငယ်ချင်းလို့သတ်မှတ်ရင်"

"ဖြေပါ့မယ်ကွ. . .မင်းစကားကြီးကလဲ. . ငါမင်းကို ညာဖူးလို့လား"

"အေးပါကွာ. . .မင်း. . .မင်းနဲ့ ကိုမိုးဦးက ဘယ်လိုပတ်သက်တာလဲ"

အေးချမ်းမဖြေသေး. . .ရဲရင့်ကိုကြည့်နေသည်။

"ဒီလိုပါကွာ. . .ကိုမိုးဦးက မင်းကိုခေါ်ထားမယ်ဆိုတုန်းက ပြောတော့ပြောဖူးတယ်. . .မင်းငယ်ငယ်ကအကြောင်း. . .ဒါပေမဲ့ကွာ. . . ခုက. . . ဟို. . . ဟိုဒင်း"

အေးချမ်းသော် ခေါင်းလေးငုံ့နေသည်။
ပြီးမှ အသံတိုးတိုးလေးနဲ့. . .ပြောသည်။

"ငါ...မင်းကိုပြောပြမှာပါ. . .ငါတို့ခု. . တွဲနေကြပြီ"

ရဲရင့်က ခပ်သာသာလေးပြုံးသည်။

"မင်း. . .မင်း. . .မင်း. . .သူ့ကို​တော့အထင်မသေးလိုက်ပါနဲ့ကွာ. . .ငါ့ကိုမင်းဘယ်လိုထင်ထင်ပါကွာ. . အလုပ်မှာ သူအဆင်မပြေမှာ ငါစိုးရိမ်တယ်. ...မင်း. .မင်းအစ်မသိရင်ရော. . သူ. .သူ့ကို တစ်ခုခု. . "

တုန်ရီတိုးတိတ်စွာထွက်လာသော အေးချမ်းစကားများ။
ခက်နေပါပြီ။ သူ့အတွက်သူမပူပန်အားသေး။ ကိုမိုးဦးကိုအရင်ပူပန်သည်။ ရဲရင့်ပြုံးကြည့်နေရင်း. . .

"ငါ့ကောင်. .. .ကိုမိုးဦးကို... အတော်ချစ်ပုံပဲ"

"အင်း. . .ငါ့ဘဝတစ်ခုလုံးပါပဲကွာ. . .မင်းကိုငါ တောင်းပန်ပါတယ်.. .အလုပ်ထဲမှာတော့. . .သူ့အကြောင်းမပြောပါနဲ့ကွာ"

"ငါ့ကို မမကပြောတာကွ. . .ကိုမိုးဦးချစ်သူက မင်းများလားဆိုပြီး. . ."

"ဟင်. . .မင်းအစ်မသိတယ်ပေါ့. . .ဒါဆို. . .သူ.. အဆင်ပြေပါ့မလားကွာ"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now