ဒါပေမဲ့လေ. . .
သော့်ကို ကိုကိုကြီးပိုင်တယ်လို့ သော်ယူဆမိလို့. . . သော့် အချစ်တွေကိုရော. . .သော့် ခန္ဓာကိုယ်ပါ သော် မထိခိုက်အောင် နေပါ့မယ်။

အကယ်၍ ကိုကိုကြီးကသာ သော့်ကို ပိုင်ဆိုင်လိုစိတ်ရှိသေးရင် သော်က. . .သော်က. . .အဖြူစင်ဆုံးဘဝနဲ့ ကိုကိုကြီးဆီလာပါရစေ။
ညစ်ညမ်းတဲ့ ခန္ဓာ မဖြစ်စေရပါဘူး။
သော့်ကိုယ်သော် စောင့်ရှောက်တာ ကိုကိုကြီးအတွက်ပါ။
သော်.... ထိုမြို့ ထိုအိမ် ထိုလူများနှင့်ဝေးရာဆီ ထွက်ခဲ့ရပါသည်။
.
.
.
.

"တော်...တော်ပါတော့. . သော်ရယ်. . .ကို ရင်ကွဲပါပြီ"

ငိုရင်း မိုးဦးပြောသည်။ သော့်စကားတွေကြားပြီး ဘယ်လိုမှ မခံစားနိုင်တာကြောင့် နာကျင်ကြေကွဲစွာ ငိုမိသည်။

သော်ကတော့ သူ့ကိုကြည့်ရင်း...သူ့မျက်ရည်တွေသုတ်​ပေးနေရင်း. . .

" တွေ့လား တွေ့လား. . အဲ့လိုဖြစ်မှာသိတယ်. . .သော့်ကိုပိုချစ်မယ်ဆို.."

မိုးဦးခေါင်းညိမ့်သည်။ ပြောစရာလိုသေးလား သော်ရယ်။ မိုးဦး အဖေသေဆုံးသည့်ကိစ္စဖြစ်လို့သာ သော့်ဆီ ချက်ချင်းမလာနိုင်ခဲ့တာလေ။ သော့်ကို ထိုဒုက္ခနှင့်တွေ့ကြုံစေသူမှာ မိုးဦးလား.... မေမေလား... မိုးဦး ကိုယ့်ကိုယ်ကို အပြစ်ရှိသူလိုပင်ခံစားရပါသည်။

"လက်ထပ်ရအောင်. . .သော်"

" ကို ကလဲ. . .စာမေးပွဲဖြေချင်သေးတယ်လေ. .လက်ထပ်တော့ရော ရမလား ကိုယ့်အလုပ်မှာ. . .လူတွေက. . . "

"ဘယ်သူဘာထင်ထင်. ..ကို ဂရုမစိုက်ဘူး. .သော့်ကိုပဲ ကြည့်မယ်. . .သော် ပျော်ရွှင်ဖို့ပဲကြည့်မယ်"

"သော်က ကို့ အချစ်တွေရရင်လုံလောက်ပါပြီ"

"သော်ရယ်. . .ကို အရမ်းချစ်တယ်. . အရမ်းလဲသနားတယ်. . .ကို့ကြောင့် သော့်မှာ. . ."

"ဘာလို့ ကို့ကြောင့်လဲ ကိုရယ်... ကို တမင်မလာတာမဟုတ်ဘူးလေ. . .ကို့ဖေဖေ နာရေးနဲ့ဟာကို. . .တိုက်ဆိုင်လို့ဖြစ်တာကိုက သော်တို့ကံကြမ္မာပါကိုရယ်"

"သည်းသော်လေး. . .ကို့သော်လေး. . .ဘာမှထပ်မဖြစ်စေရဘူး... ကို... တာဝန်ယူတယ်"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now