ပြောပြီး ရာဇာက အပြင်ထွက်သွားတော့သည်။

သော် ကြောက်တယ်. . .သော် အရမ်းကြောက်တယ်. . .
ကိုကိုကြီးရေ. . . .သော် ရင်ထဲမှကျယ်လောင်စွာခေါ်ရင်း. . .ရုန်းကန်သည်။

သော့်ကို ကုတင်ပေါ် မှောက်ချလိုက်သည်။
သော့်အကျီတွေဆွဲချွတ်ပစ်သည်။
ဘောင်းဘီစကိုအဆွဲ သော် အားကုန်သုံးကာ ကန်ပစ်လိုက်သည်။
သော့် နောက်ကလူ ဟန်ချက်အပျက်မှာ ခေါင်းကနေဖိထားသည့် ကောင်ကို မျက်လုံးတည့်တည့်လက်နှင့်ထိုးပစ်လိုက်တော့သည်။

သူတို့နှစ်ယောက်လုံး နာလို့သော့်ကိုအလွှတ်. . .သော်ရုန်းထကာ ခေါင်းအုံးအောက်မှာဖွက်ထားသောဓားကို ယူပြီး သူတို့ကို ချိန်ထားလိုက်သည်။

"ထိရဲရင်ထပ်ထိကြည့်. . .အသေသတ်မှာ"

ငမူးနှစ်ကောင် အမူးပြေလေပြီ။ သော့်ကိုလဲ အလစ်မပေးဘဲ ကြည့်နေကြတော့သည်။
သော့်ကိုချော့ပြီးလက်ထဲမှဓားကိုတောင်းဖို့လုပ်သည်။

"ခင်ဗျားတို့ ဆေးသမားတွေ. . .သိတယ်. . ထပ်ထိရင်ဓားနဲ့ထိုးပစ်မှာ. . .ရဲတိုင်အုံးမှာ. . .သေဖို့သာပြင်တော့"

သော် အံကြိတ်ပြီးပြောသည်။
သော့်မျက်လုံးအစုံမှာ ဒေါသကြောင့်သွေးနီရောင်လွှမ်းနေမှာပင်။ သော့်စိတ်နှလုံးရော အသည်းတွင်ပါသွေးစိမ်းရှင်ရှင်ထွက်သည့်နှယ် သော် ခံစားနေရပါသည်။
သော့်ကိုကြည့်ပြီး လွယ်လွယ်မရမှန်းသိတော့ ထွက်သွားကြတော့သည်။ သော်က ဓားကိုမွှေ့ရမ်းကာ အော်ဟစ်နေတာမပြီးတော့။

သော် ဒီမှာဆက်မနေရဲတော့ပါ။
နေလို့လဲမဖြစ်ပါ။ မနက်မိုးလင်းတာနဲ့ သော် ရဲစခန်း သွားတိုင်မှာသူတို့သိသွားပြီ။
သော့်ကိုဒီတိုင်းထားမည်မထင်။
သတ်မလား. . .ဖမ်းပြီး ခုလိုပဲ အနိုင်ကျင့်ကာ ရောင်းစားမလား မသိတော့။

သော် ရှောင်မှရမည်။
ဒီမြို့ကရှောင်မှလွတ်မည်။
ဒါဆို ကိုကိုကြီးနှင့်တွေ့ဖို့ကရော. . .

သော် နာကျင်စွာပင်ဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။
ကံမကုန်ရင်ပြန်ဆုံမှာပါ ကိုကိုကြီး. . .
သော် ကိုယ့်ဘဝကိုယ်ကျောင်းရတော့မည်။
သော် သန်မာမှဖြစ်တော့မည်။
သော် သတ္တိရှိမှဖြစ်တော့မည်။
လူတကာ အနိုင်ကျင့်ခံမဖြစ်အောင် သော် နေထိုင်မှုဘဝ ပြောင်းလဲရတော့မည်။

ချစ်သူ့စကား ရင်နှင့်ကြားစေDonde viven las historias. Descúbrelo ahora