Unicode Version
"ယောင်ရှင်းရ တော်လှချည်လား။ မင်းက ပါရမီရှင်များလားကွ"
ကျွန်တော် သူ့အား မချီးကျူးဘဲကို မနေနိုင်တော့။ Pianoတီး စသင်တာဖြင့် တစ်ပတ်တောင် မပြည့်သေး။ ကိုယ်တော်ချောလေးက "Fantaisie Impromptu"ကိုတောင် keyတစ်ချက်လေးပင် မမှားဘဲ အေးအေးဆေးဆေး တီးနိုင်နေပြီ။ ကျွန်တော်ဖြင့် အထင်မကြီးဘဲကို မနေနိုင်တော့။
ကျွန်တော် စသင်တုန်းကဆို အလွဲလွဲ အချော်ချော်တွေချည်းမို့ ဦးလေးကြီး၏ အဆူအငေါက် ခံခဲ့ရတာလည်း အကြိမ်ကြိမ်။ အင်း..... ရံဖန်ရံခါဆို အဆဲလေးတောင် ပါလိုက်သေး။
နှစ်ပေါင်းများစွာ လေ့ကျင့်မှသာ ယခုလို ကျွမ်းကျွမ်းကျင်ကျင်ဖြင့် အရာထင်လာခြင်း။ ယောင်ရှင်းကျတော့လည်း သိပ်တောင် မသင်လိုက်ရ။ သည်ကောင်လေးမှာ ပါရမီအခံ ပါလာသည်ထင်ပါရဲ့။
စည်းချက်ညီစွာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည့် လက်ချောင်းလေးများမှာ မြတ်နိုးချင်စဖွယ်။ ဘေးတိုက်မြင်နေရသော မျက်နှာ ဖြူနုနုလေးမှာလည်း ပြစ်မျိုးမှဲ့မထင် ရှင်းသန့်နေ၏။ သည်ကောင်လေးဟာ အမှန်တကယ်ကို အကြည်ဓာတ်ကလေးပါလား....
"ရားး လီဟွန်း ခေါ်မကြား၊ အော်မကြားနဲ့ နားလေးသွားတာလား"
နား နားသို့ ကပ်ကာ အသံပါဝါ ကောင်းကောင်းဖြင့် နာမည် လာခေါ်သော ကောင်စုတ်လေး။ အာဗြဲချက်က အခန့်မသင့်လျှင် နားစည်တောင် ကွဲသွားနိုင်၏။ လီယောင်ရှင်းဟာ တကယ်ကို လူသားလော်စပီကာလေးရယ်ပါ။
"မင်းကလည်း လန့်လိုက်တာ။ ငါ နားမလေးသေးပါဘူးကွ။ မင်း အာဗြဲကြီးနဲ့ လိပ်ခေါင်းထွက်မတတ် လာအော်မှ တကယ် နားပင်းသွားမှာ။ အဲ့ကျ မင်းတာဝန်ယူပေတော့"
"အော်..... လာလာချည်သေး။ တာဝန်တောင် ယူရဦးမတဲ့။ စောက်ပိုတွေ အရမ်းပြောတာပဲ။ ဒရမ်မာတွေ ကြည့်တာ လျှော့စမ်းပါ"
သည်ကောင်လေး အတော်စွာ၏။ သူများဆီမှ အပြောကို လုံးကြီးတင်မပြောနှင့်။ သေးသေးတင်လေးတောင် အပြောမခံနိုင်။ ဟိုက ဟက်ခနဲဆို ယောင်ရှင်းတို့က ပက်ခနဲ ပြန်ပြောလိုက်ရမှ ကျေနပ်တတ်တာမျိုး။ ယခုလည်း ကြည့်လေ။ ကျွန်တော်က နည်းနည်းဆို သူက များများ ပြန်ပက်လိုက်ရမှ။ မခက်ပေဘူးလား။
YOU ARE READING
Once upon in April (boyxboy)Complete