ကိုရယ်. . .သော်. . .အရမ်းချစ်ပါတယ်။

သော် ရဲရင့်ပြန်သွားကတည်းက. . .နာရီတကြည့်ကြည့်နှင့် ကို ရုံးမှပြန်လာမည့်အချိန်ကိုမျှော်နေမိသည်။
.
.
.
.
.

မိုးဦးလဲ. . .ဒီနေ့ အလုပ်များလှသည်။
တွေ့လိုက်ရတဲ့ဧည့်သည်. . .သော့်ကိုတောင်သတိမရအား။ ရဲရင့်လဲ မနက်ခင်းပျောက်နေသည်။ သူ့အစ်မများတစ်ခုခုခိုင်းသလားမသိ။

အိမ်ပြန်က နောက်ကျရပြန်သည်။
.
.
.
.

သော်. . .မျှော်သည်။ မျှော်ကာမှပိုကြာသည်။

ကို ရေ. . .သော်လွမ်းတယ်ဗျ. . .

ညနေစောင်းနေမှ. . .ခြေသံတိုးဖွဖွနှင့်အတူ. . .တံခါးခေါက်သံ. . .

သော်တံခါးပြေးဖွင့်သည်။
ကို ချွတ်ခဲ့သည့်ဖိနပ်လေး ကောက်ကိုင်ကာစင်ပေါ်တင်သည်။
ပြီးတာနဲ့ ကို့ ရင်ခွင်ထဲ အတင်းတိုးတော့သည်။

မိုးဦး အံ့သြတကြီးနှင့် စိုးရိမ်စိတ်ကတွဲပါလာသည်။
သော် ဘာဖြစ်ပါလိမ့်။

"သည်းသော်လေး. . .မော့်ပါအုံး. . .တစ်ခုခုဖြစ်လို့လား"

"ဟင့်အင်း. . .သော် ကို့ကို လွမ်းလို့"

"သြော်.. . ကဲ. . .ကို့ကလေးကလဲ. . လန့်လိုက်တာ"

သော့်ကို ဖွဖွနမ်းသည်။
သော့် ကို့ကိုသာတိုးဖက်လိုက် မော့်ငေးလိုက်။
သော် ကို့ကို ချစ်လွန်းလို့ပါ။
.
.
.

မိုးဦး အိမ်ပြန်ရောက်တာနဲ့ သော်အဆင်သင့်ဖျော်ပေးထားတတ်တဲ့ အသီးဖျော်အအေးသောက်ရင်း သော့်ကိုဖွဖွနမ်းကာ အမောဖြေတတ်တာ။

ဒီနေ့မှ ထူးထူးဆန်းဆန်း. . သော်က. .သူ့ကို ချွေနေပြန်သည်။ လွမ်းသတဲ့။
မိုးဦး တွေးရင်း ပြုံးမိရင်း. . .
ချစ်လိုက်တာ..ကို့ သည်းသော်လေး. . .
.
.
ညစာ စားတော့. . .

"သော်. . .ထမင်းစားရအောင်"

"သော်. . .သော်. . .မစားတော့ဘူး ကို"

"သော်. . .နေမကောင်းလို့လား"

သော့်နဖူးနှင့်မိမိနဖူးကပ်ထိကြည့်ကာ ကိုယ်ပူချိန်စမ်းကြည့်သည်။ မပူပါဘူး။

ချစ်သူ့စကား ရင်နှင့်ကြားစေМесто, где живут истории. Откройте их для себя