သော် သိသည်။
သော် ကို့ ကိုအထင်လွဲခဲ့မိတာလေ။ဒီအကြောင်းကို ကြားတိုင်း သော် နောင်တရသည်။

"သူ့အဖေဆုံးပြီး မကြာဘူး. . .ကိုမိုးဦးအမေက ရောဂါဖြစ်တာပဲ. . .မေမေနဲ့ကိုမိုးဦးအမေက ... ငယ်သူငယ်ချင်းတွေလေ"

"မမြင့်မိုရ်ကရော. . .သူ့ကို. . .သဘောကျလား"

"မကြိုက်ဘူးတဲ့ကွ...ငါမေးပြီးပြီ"

သော်က ရဲရင့်ကိုကြည့်မိသည်။
ရဲရင့်ပုံစံက တကယ်အတည်ပြောနေတာ။

" အချစ်က ထူးဆန်းတယ်ကွ. . .လူတကာအမြင်မှာလိုက်ဖက်တယ်ဆိုပေမဲ့ အချစ်က နှလုံးသားရဲ့သတ်မှတ်ချက်ကို ဦးနှောက်ကအလိုလိုက်ရတာ. . .ပြီးတော့ မမကပြောတယ်. . .ကိုမိုးဦးမှာ ချစ်ရမဲ့သူရှိတယ်တဲ့. . "

"ဟုတ်လား. . .မမြင့်မိုရ်က... တွေ့ဖူးလို့လား"

"မတွေ့ဖူးပါဘူး. . .ကိုမိုးဦးမှာ ပန်းခြောက်လေးခုထိရှိတယ်တဲ့. . .ဘယ်သူပေးထားတာလဲတော့.... သူလဲမသိဘူးတဲ့"

သော် ရင်ထဲသိမ့်ကနဲ

"လူကိုမသိပေမဲ့.... ကိုမိုးဦးက... အဲ့ပန်းလက်ဆောင်ပေးခဲ့သူကို.... ဘယ်လောက်ချစ်ကြောင်း... မမကသိတယ်တယ်ကွ"

ကို ရေ. . .သော်ပေးတဲ့ခရေပန်းခြောက်လေးတွေလား ဟင်...
ကိုရယ်. . .သော့်ကို တကယ်ပဲ အဲ့လောက်ချစ်တာလား။

ခဏနေတော့ ရဲရင့်ပြန်သွားသည်။ သော့်မှာတော့ အတွေးပေါင်းစုံနှင့်ကျန်ခဲ့ရသည်။

.
.
.

သော် . . .တိတ်တခိုးမျှော်လင့်မိသည်။ မမြင့်မိုရ် ကို့ကို သဘောမကျပါစေနဲ့လို့။ သော် ကို့အပေါ်မှာ အချစ်တွေပြခဲ့ပြီးမှ နောက်ဆုတ်ခက်သည်။
မမြင့်မိုရ်ကိုလဲအားနာသည်။
တွေးမိရင်လဲ အားငယ်ခဲ့ရသည်။
ကိုက သော့်ကိုအရမ်းချစ်တယ်ပဲထားပါတော့... သော်သည် ကို့အတွက် ပွဲလယ်တင့်သာသူမဖြစ်နိုင်ပါ။

ကိုက ပွဲလယ်တင့်သည့် မိန်းကလေးတစ်ယောက်ကိုစွန့်လွှတ်ပြီး. . .သော့်ကို. . .ပုံအောချစ်နေတာ။
သော့် မှာ ကို့ကိုပြန်ပေးစရာ သော့် အချစ်မှလွဲ၍ ဘာမှမရှိ။
သော် ကို့ကို ဂရုစိုက်နိုင်သလောက်အပြည့်အဝစိုက်ပေမဲ့ ကို့ခမျာ သော့်ကို နမ်းရုံ ထိရုံအပြင် ဘာမှထပ်မတောင်းဆိုရှာ။
သော် ကြောက်သည်လေ။ ဒါကို... ကိုက သူ့အလိုထက် သော့်စိတ်ကိုသာ အမြဲဦးစားပေးသည်။ သော် ကြောက်တယ်လို့ပြောမိတာနဲ့ ကိုက ထိန်းသည်။
အချစ်ကြောင့်ပဲ​ဖြစ်လာတဲ့ သွေးသား​တောင်းဆိုမှုဆိုတာသိပေမဲ့. . .သော်ကြောက်လွန်းလို့။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now