အပိုင်း ( ၃၈ ) ( Zawgyi )

Beginne am Anfang
                                    

“ အားလုံး အဆင်ပြေပါတယ် တီချယ် ... ဒါနဲ့ တီချယ့်လက်ထဲမှာ စာအုပ်စာရွက်တွေက အများကြီးပဲ ... ကျွန်တော့်ကို ပေး ... ကျွန်တော် သယ်လာပေးမယ် ”

ပြောရင်း ဆိုရင်း တီချယ့်ဆီက စာအုပ်စာရွက်တွေကို လေးဆက် လှမ်းယူလိုက်တော့ တီချယ်က သူ့လက်ထဲ အသာတကြည်လွှဲပြောင်းပေးရင်း

“ အခု သား အတန်းချိန်မရှိဘူးလား ... တီချယ့်ကို လိုက်ပို့လို့ ရပါ့မလား ”

“ ရတယ် တီချယ် ... အတန်းချိန်က ရှိပေမဲ့ သင်မဲ့ တီချယ်က လာတာ နည်းနည်းနောက်ကျတတ်တယ် ... အဲဒီတော့ ကျွန်တော် တီချယ့်ကို အရင်လိုက်ပို့ပြီးမှ အတန်းသွားတက်လည်း မှီပါတယ် ”

“ အင်း ... အင်း ... ဒါဆိုလည်း တီချယ်တို့ သွားကြရအောင် ”

အဲဒီနောက်မှာတော့ လေးဆက်လည်း တီချယ်နှင့် ရောက်တတ်ရာရာစကားပြောရင်း အပေါ်ထပ်ကို အတူတူတက်လာခဲ့ကြသည်။ COE သုံးလွှာကို ရောက်သည့်အချိန်မှာ‌တော့ တီချယ်က အပေါ်ထပ်ကိုဆက်မတက်တော့ဘဲ ဘေးကို ချိုးဝင်လိုက်သဖြင့် လေးဆက် စိတ်ထဲ ထင့်ခနဲဖြစ်မိသွားကာ

“ ဒါနဲ့ တီချယ်က အခု ဘယ်အခန်းကို စာသွားသင်ရမှာလဲ ”

သူ့အမေးကြောင့် တီချယ်က သူ ကိုင်လာသည့် စာရွက်အထပ်လိုက်ကို လက်ညှိုးထိုးပြရင်း

“ တတိယနှစ်တွေကိုလေ ... အရင်လက ဖြေထားတဲ့ ကျူတိုရီယယ်အမှတ်တွေကို ပြပြီး ဒင်းတို့ကို ကောင်းကောင်းဆူရဦးမယ် ... ဆယ်မှတ်တောင် မရတဲ့ကောင်တွေ အများကြီးပဲ ”

ထိုအခါကျမှ လေးဆက်လည်း သူ ကိုင်လာသည့် စာရွက်တွေကို သတိထားမိသွားကာ သေချာပြန်ငုံကြည့်မိတော့ တကယ့်ကို တတိယနှစ်တွေရဲ့ကျူတိုရီယယ်ဖြေထားသည့် စာရွက်တွေဖြစ်နေသည်။

အင်း ... တတိယနှစ်တွေဆိုတော့ ဈာန်တို့အတန်းပဲ ...

စကားနားမထောင်ဘဲ သူ လုပ်ချင်ရာကိုသာ ဇွတ်တရွတ်လုပ်တတ်သည့် ဈာန့်အကြောင်းကို တဖြည်းဖြည်းသိလာသဖြင့် အခုချိန်မှာ လေးဆက် အနည်းငယ် စိတ်ပူသွားမိသည်။

ဒီကောင်လေးက သူ စာလုပ်ပါ့မယ်လို့ ငါ့ကို ကတိပေးထားတာ ... တကယ်ရော စာလုပ်ပါမလား ...

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Wo Geschichten leben. Entdecke jetzt