Unit 9

150 15 0
                                    

"ကြီးကြီးတို့ ဒီအိမ်ကို ရောင်းတော့မယ် ချော"

ဤစကားကို အနှေးနှင့် အမြန် ကြားရလိမ့်မည်ဟု တွက်ဆပြီးသား ဖြစ်၍ ချော အံ့အားမသင့်မိတော့ပါ။

ဘ၀ တစ်ခု မချုပ်ငြိမ်းလေသရွေ့ ဤခန္ဒာကိုယ်ကြီးအတွက် ငွေ ဆိုသည့် အရာသည်ကား အမြဲမပြတ် လိုအပ်နေသည် မဟုတ်ပါလား။

" ကြီးကြီး အသိ တစ်ယောက် မြ၀တီ ဘက်မှာ ရှိတယ်။ သူက ယိုးဒယားဘက်က ပစ္စည်းတွေ ဒီဘက်ကို ပို့ပေးမယ်တဲ့။ ကြီးကြီးတို့က ဒီဘက်မှာ ပြန်ဖြန့်ပေါ့။ သူ့ကို ကော်မရှင်‌ခ လေးပဲ ပေးရမှာ ၊ ဒါပေမဲ့ ငွေအရင်းအနှီးကတော့ ကြီးကြီးတို့ဘက်ကပဲ စိုက်ပေးရမှာ။"

ဖေဖေ့ကို ဆုံးရှုံးလိုက်ရ၍ ပူဆွေးသောကဝေနေသည့် ကြီးကြီးထံမှ ဤမျှ ပြီးပြည့်စုံသည့် အစီအစဉ်အား ဖေဖေ့ရက်မလည်ခင်မှာပင် ကြားရလိုက်မည်ဟု ချော မတွေးခဲ့ဘူးပါ။

"ကြီးကြီး ကောင်းသလို စီစဉ်ပါ။ စီးပွားရေး ကိစ္စတွေကို ချောမှ နားမလည်ပဲ။"

ကြီးကြီးသည် ထိုနေ့မှ စ၍ ချောအား နောက်ထပ် တိုင်ပင်‌ဆွေးနွေးခြင်း မပြုလေတော့ပဲ သူ့အကြံအစည်ကိုသာ လက်တွေ့အကောင်အထည် ဖော်ရန် ကြိုးပမ်းလေတော့သည်။

ဘောင်ခတ်ကာ သွင်းထားသည့် ဓာတ်ပုံထဲမှ ဖေဖေသည် မချင့်မရဲလေး ပြုံးနေသည်။

ယနေ့သည် ဗုဒ္ဓဘာသာ အယူအရ ဖေဖေ ဒီအိမ်၊ ဒီခြံ၊ ဒီမိသားစုနှင့် သက်ဆိုင်သော နောက်ဆုံးနေ့ရက် ဖြစ်သည်။

"ချောလေး ပင်ပန်းနေပြီလား။"

ဆွမ်းပွဲများအား ပြန်လည် သိမ်းဆည်းနေသော မေမေသည် ချော အနားသို့ ရောက်လာကာ မေးခွန်းထုတ်သည်။

ဒီရက်ပိုင်းအတွင်းမှာပင် မေမေ့မျက်နှာသည် သိသိသာသာ ချောင်ကျသော်လည်း ၀မ်းနည်းသောက ရောက်နေသည့် အရိပ်အယောင်များတော့ မရှိနေပါ။

"ကြီးကြီးရော"

"ခုနလေးကတင် အပြင်ထွက်သွားတယ်။"

မေမေသည် ချော နေရာယူထားရာ နံရံထောင့်လေးတွင် တိုးကပ်ကာ လာထိုင်သည်။

QuarkDove le storie prendono vita. Scoprilo ora