မိုးဦးဖေဖေအလုပ်ကိစ္စနှင့်နယ်ဆင်းရင်း. . .
မတော်တဆမှုဖြစ်သည့်သတင်းက မိုးဦးကိုစောင့်ကြိုနေခဲ့တာ။
စာမေးပွဲအခန်းကအထွက်ဘော်ဒါဆောင်ရဲ့နှုတ်ဆက်ပွဲတောင်မတက်နိုင် ပစ္စည်းများမသိမ်းနိုင်. . .မေမေနှင့်အတူ ဖေဖေရှိရာချက်ချင်းပြေးရသည်။
ရောက်လဲရောက်ဖေဖေလဲဆုံး. . .မိုးဦးတို့သားအမိကိုစောင့်နေသလိုပါ။

ဖေဖေ့အသုဘအစအဆုံး မြင့်မိုရ်တို့မိသားစုကူညီသည်။ မေမေသည်လည်းရန်ကုန်မြေမှာဘာမှသိလှသည်မဟုတ်။ မိုးဦးဖြင့်ပိုဆိုး. . .ရန်ကုန်ရောက်ကတည်းကဘော်ဒါတက်. . .တစ်နှစ်လုံးစာမှာ နှစ်မြုပ်ထားခဲ့ရတာလေ။

ဖေဖေ့ကိစ္စအားလုံးပြီးသည့်အချိန်... သော့်ဆီသွားဖို့မေမေ့ထံခွင့်တောင်းရသည်။ ထိုအချိန်မှ မေမေက. . .ပြောပြတာ။
အဖွားလည်းလွန်ခဲ့တဲ့. . .လေးလခန့်ကဆုံးသွားကြောင်း. . . .
မေမေကိုယ်တိုင်မြို့သို့ပြန်ခဲ့သေးကြောင်း. . .
သော်လဲကျောင်းတက်နေဆဲဖြစ်ကြောင်း. . .
ထို့ပြင်. . . .ထိုမြို့မှ မိုးဦးတို့အိမ်အားရောင်းချခဲ့ပြီဖြစ်ကြောင်းတွေပေါ့။
မိုးဦးတစ်ယောက် တက္ကသိုလ်ဝင်တန်းအတွက် ကြိုးစားပြင်ဆင်နေချိန်ဆိုတော့ ဘော်ဒါနဲ့ကျောင်းကလွဲပြီး အပြင်ထွက်ခွင့်မရသည့်အချိန်တွေမှာ ဖြစ်ပျက်ခဲ့တာတွေ မနည်းဘူးပဲ။ မေမေက ပုံမှန်လာတွေ့သော်လည်း ထိုအကြောင်းများကို မိုးဦးသိခွင့်မရခဲ့။

မိုးဦးမေမေ့ကိုနားမလည်တော့ပါ။

တကယ်ဆို အဖွားဆုံးပြီးဆိုမှတော့. . .သော့်ကိုခေါ်လာခဲ့ဖို့ကောင်းသည်။
ဟိုမိသားစုနှင့် သော်တစ်ယောက်ထဲထားခဲ့တာ ရက်စက်လွန်းရာကျသည်။ သော်. . .ဘယ်လိုမှအဆင်မပြေနိုင်ပါ။ သော့်ကိုလည်း မေမေပြုစုပျိုးထောင်ပေးခဲ့သေးတာပဲ။ မေမေ့သားလေးလိုပဲလေ။ ဘာကြောင့် သော့်အပေါ်ရက်စက်ရတာလဲ။ ဘာကြောင့်လဲ?????

မေမေက မိုးဦး သော့်ဆီသွားမှာကို မတားပါ။
ဖေဖေ့အတွက်ဝမ်းနည်းနေရချိန်. . .မေမေ့ကိုအားနာပေမဲ့. . .မိုးဦး. . .သော့်ကိုစိတ်မချတော့ပါ။
အမြန်ဆုံးသွားခေါ်ရမှဖြစ်ပါတော့မည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now