မြတ်နိုးကခပ်မြန်မြန်ပင်. . .

"မမ. . .ဘာကြိုက်တတ်လဲရှင့်. . .မြတ်နိုးပြင်ဆင်ပေးပါ့မယ်"

"ရတယ်. . .ညီမ... မမက. . .မိုးဦး. . .အင်း...ဆရာမိုးဦးကြောင့်Breakfastလွတ်သွားတာမို့သက်သက်ခေါင်းစားပေးနေတာ"

မြတ်နိုးဆရာ့ကိုကြည့်သည်။
ကျန်သောသူများကအလုပ်လုပ်ချင်ယောင်ဆောင်ကာ. . .ခိုးနားစွင့်လျက်. . .ရင်းနှီးကြပုံတော့ရတယ်။

"ကော်ဖီနဲ့မုန့်ပဲစားတော့. . .ကိုယ်သိပ်မလုပ်ပေးတတ်လို့"

ပြောရင်း ထမင်းစားရန်ထားသောစားပွဲဆီသွားတော့သည်။

ဝန်ထမ်းများအတွေးထဲတွင်တော့... ဆရာ. . .အဆင်ပြေပါ့မလား. . .ဒါရိုက်တာမမကဝန်ထမ်းများရှေ့တွင်သူ့ပိုင်ဆိုင်မှုဖြစ်ကြောင်းမသိမသာပြသွားခြင်းလား. . .
တို့ရေခဲတုံးဆရာကရော. . .ဘာလို့မလုပ်တတ်တာတွေခုမှ ထလုပ်ရသလဲ. . .အတွေးပေါင်းစုံနှင့်ဖြစ်ကုန်ကြသည်။

"မြင့်မိုရ်. . .ရပြီနော်. . .အပေါ်တက်တော့မလား"

မုန့်နှင့်ကော်ဖီဗန်းကိုင်ကာ မိုးဦးပြောသည်။

"မိုးဦးအခန်းကဘယ်မှာလဲ. . .မြင့်မိုရ်ကြည့်အုံးမယ်လေ"

"အင်း. . .လာ. . ."

. . . . . . . . .

ဝန်ထမ်းများ. . .ငေးလျက်သာကျန်ခဲ့သည်။ တစ်ယေက်ကအေးစက်စက်... တစ်ယောက်က သွက်သွက်လက်လက်။

.
.
.
.
"ထိုင်ပါအုံး. . .မြင့်မိုရ်. . .ကိုယ့်အခန်းမှာကဘာမှသိပ်မလိုဘူးထင်တာနဲ့... "

မြင့်မိုရ်ထင်သည့်အတိုင်းသာ... မိုးဦးအခန်းက ရှင်းလို့။

စားပွဲတစ်လုံးနှင့် စာအုပ်များထည့်သောနံရံကပ်စင်တစ်ခု. . .ထိုင်ခုံသုံးလုံးသာရှိသည်။
တစ်လုံးကအခန်းပိုင်ရှင်ထိုင်မည်ဆိုတော့. . .ဧည့်သည်ကနှစ်ယောက်ထက်ပိုလာလို့မရဘူးလား. . .ဘာလား။

"ဧည့်သည်တွေ့တော့. . ."

"ဟိုဘက်ကပ်ရက်ကို ဧည့်ခန်းလုပ်ထားတယ်. . .
မြင့်မိုရ်အခန်းကိုတော့ အန်တီကမြင့်မိုရ်အကြိုက်ပြင်ပေးထားပါတယ်. . ."

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now