အစ်ကို...

1.3K 83 10
                                    

Unicode

"အိုးစည်ရေ ကျောင်းနောက်ကျတော့မယ် မထသေးဘူးလား "

အက်ရှရှ အသံပိုင်ရှင်လင်းခမှာ
ကုလားသေကုလားမော
အိပ်ပျော်နေသော ပေါက်စအား
ခပ်တိုးတိုးနှိုးလိုက်သည်။

သို့သော် ကာလနဂါးလေးအိုးစည်ကတော့ထမလာချေ။
ကျောင်းတက်ချိန်မှာလည်း နီးကပ်လာလေပြီ။
မတတ်နိုင်သည့်အဆုံး လင်းခတစ်ယောက် နောက်ဆုံးတိုက်ကွက်အားထုတ်သုံးလိုက်ချေ၏။

ပိုးလိုးပက်လက်အိပ်ပျော်နေသော
အိုးစည်၏ တင်ပါးလုံးလုံးလေးများအား
အသာပုတ်နှိုးလိုက်ခြင်းမှာ လင်းခ၏
ဆန္ဒတစ်စုံတစ်ရာမပါ၀င်ချေ။
ကျောင်းနောက်ကျမှာ
စိုးရိမ်သောကြောင့်သာဖြစ်၏။

(ငါ လေးယုန်ပါတယ်🙂)

စကားမစပ် အိုးစည်၏ တင်ပါးကလေးများ‌မှာ အင်မတန်နူးညံ့လေသည်။
ကိုင်ဖူးသူမှသာ သိမည့်ဖီလင်ဖြစ်သဖြင့်
ရှည်ရှည်ဝေးဝေးမပြောလိုတော့။

သို့နှင့် မိမိတင်ပါးအားပုတ်နှိုးနေသော
တစ်စုံတစ်ယောက်ကြောင့်
ပေတေကာ အိပ်နေသော အိုးစည်ခမျာ
မထချင်ထချင်ဖြင့် အိပ်ရာမှကုန်းရုံးထရလေတော့သည်။

နိုးနိုးချင်းမြင်ကွင်းကတော့
ခပ်ပြုံးပြုံးစိုက်ကြည့်နေသည့် ချောမောလှသော အစ်ကိုလင်းခပင်။

"ခုမှနိုးလာပြီပေါ့ မြန်မြန်ထပြီးပြင်ဆင်တော့ ဒီထက်အချိန်ဆွဲနေရင်
မင်းကျောင်းနောက်ကျတော့မှာ"

"ဟုတ်"

မျက်လုံးမပွင့်တပွင့်ဖြင့် တစ်ဟုတ်တည်းဟုတ်နေသော အိုးစည်အား
လင်းခအသည်းယားနေလေပြီ။
စိတ်မထိန်းနိုင်လျင်ဖြင့် ကိုက်စားမိလုနီးနီးပင်။

များမကြာမီတွင်
အိုးစည်၏ ရွိုင်းနင်းဂွိုင်းနင်း အစီအစဉ်ပြီးဆုံးသွား လေသည်။
အရင်ပြင်ဆင်ပြီးသဖြင့်
အခန်း၀တွင်ရပ်စောင့်နေသော
အစ်ကိုလင်းခနှင့်အတူ ကျောင်းတော်သို့
လျှောက်လှမ်းခဲ့လေသည်။

"ဒါနဲ့ အစ်ကိုလင်းခက ငါ့လက်ကို
ဘာလို့‌ကိုင်ထားတာလဲ?
အင်းလေ
ယောကျာ်းလေးနှစ်ယောက်
လက်ကိုင်ပြီးလမ်းလျှောက်တာ
ဘာမှတော့မဖြစ်လောက်ပါဘူးနော့။"

आप प्रकाशित भागों के अंत तक पहुँच चुके हैं।

⏰ पिछला अद्यतन: Apr 24, 2021 ⏰

नए भागों की सूचना पाने के लिए इस कहानी को अपनी लाइब्रेरी में जोड़ें!

ကျွန်တော့်အခန်းဖော်ကဂေးနေတယ်जहाँ कहानियाँ रहती हैं। अभी खोजें