နီးစပ်ခြင်း

1.3K 107 8
                                    

Unicode

"ဟယ်လို အိုးစည်လား"

"ဟုတ်ပါတယ် ကျွန်တော်အိုးစည်ပါ
အခုပြောနေတာဘယ်သူလဲမသိဘူး"

"မအေဘေးလေး
ငါ့အသံကိုမေ့သွားတာလား
ငါလေ ဟျောင့်"

"ဘယ်ကငါလဲ
ဒီမှာဘာငါမှမရှိဘူး
တကတည်းမှ
ဘလိုင်းကြီးလာရမ်းကားနေတယ်။"

"မင်းဘိုးအေကို...ပဲ
ငါ ဖိုးသားလေ
ကိုးတန်းနှစ်က
မင်းဘေးမှာထိုင်တဲ့တစ်ယောက်
ကဲ.အခုရောမှတ်မိပြီလား "

"ဟင့်အင်း"

"မမှတ်မိလဲကိစ္စမရှိဘူးကွာ
အခုငါပိုက်ဆံနည်းနည်းလိုနေလို့
အခုဆက်နေတဲ့ ဖုန်းနံပါတ်ကို
ပိုက်ဆံတစ်သိန်းလွှဲလိုက်
ကြားလား ငါနောက်အဆင်ပြေရင်
ပြန်ပေးမယ်"

"အွန်း ပြီးရော ငါလွှဲလိုက်မယ်
ဒါဆိုရင် ဖုန်းချလိုက်တော့မယ်နော်"

"အေး"

အိုးစည်ဖုန်းပြောနေတာကို
တစ်ဖက်ကုတင်ကအတိုင်းသား
ကြားနေရတဲ့လင်းခဟာ အိုးစည်ရဲ့
လှုပ်ရှားမှုတွေကိုအကဲခတ်နေတယ်။
"ဒီကလေး ပိုက်ဆံတွေကို
တကယ်တော့မလွှဲလောက်ပါဘူးလေ"။

လင်းခလည်းစိတ်ချလက်ချပြန်အိပ်ဖို့
တစ်ဖက်လှည့်လိုက်တုန်းမှာ
ဘေးကုတင်ကကောင်လေးရဲ့
ထူးဆန်းတဲ့ငြီးတွားသံကို
ကြားလိုက်ရတယ်။

" ရှိတဲ့ပိုက်ဆံက ၁သိန်းမပြည့်ဘူး
အဲ့ဒီတော့
အမေ့ဆီဖုန်းဆက်တောင်းလိုက်မယ်"

အယုံလွယ်တဲ့အိုးစည်ဟာဘယ်ကမှန်း
မသိတဲ့သူကို ပိုက်ဆံလွှဲပေးဖို့အတွက်တွေးပူနေပါသတဲ့။
ကုတင်ပေါ်မှာပိုက်ဆံအလိပ်လေးကိုင်ရင်း အိုးစည်တစ်ယောက်
ဗျာများနေရရှာတယ်။

"ညီ...မအိပ်သေးဘူးလား"

"ဟုတ်ဗျ မအိပ်သေးပါဘူး။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်
ငွေလိုတယ်ဆိုလို့။
ဒါပေမဲ့
သူလိုတဲ့ငွေပမာဏအတိအကျတော့
ကျွန်တော့်မှာမရှိဘူးဗျ။
စိတ်မရှိဘူးဆိုရင်လေ အစ်ကိုလင်းခကျွန်တော့်ကိုပိုက်ဆံ၅၀၀၀လောက်
ချေးပေးလို့ရမလား"

"ရပါတယ်။
ညီ ဖုန်းပြောနေတာ အစ်ကိုကြားတယ်။
ဒါနဲ့ညီ့ပိုက်ဆံကို
လက်ခံ‌မဲ့သူကရော ဘယ်သူတဲ့လဲ"

ကျွန်တော့်အခန်းဖော်ကဂေးနေတယ်Where stories live. Discover now