[19]Why Ash take an orange to high "

Start from the beginning
                                    

လသာဆောင်ပေါ်သို့ ရောက်ရှိလာသော သူမကို မြင်သည်နှင့် ဇင်ယော်တောင်မျက်ခုံးတန်းများမှာ အလိုလျောက် ကုပ်ကွေးသွား၏ ။

Ash : " ဘာကြောင့် ဒီလောက် ကြာနေသလဲ ? "

ခဏတုန်းကမှ နာရီဝက်ကျော်ကျော် အေးအေးဆေးဆေး စောင့်နေနိုင်ခဲ့သော ရှင်ဘုရင်သည် ကောက်ကာငင်ကာ စိတ်မရှည်တော့ပေ ... ။

တရွေ့ရွေ့လျောက်လာနေသော သူမက သူ့ကို မျက်ဝန်းညိုကြီးများဖြင့် ငေးကြည့်ကာ တိုးညှင်းစွာတောင်းပန်၏ ။

" Afa မှာ အပြစ်ရှိပါတယ် ... အရှင် အပြစ်ပေးပါ "

ထိုသို့ပြောကာ ခြေလှမ်းတွေကို ရှေ့ဆက်မတိုးတော့ ... ။ ရှင်ဘုရင်ရှေ့ လွန်စွာရိုကျိုးကာ ဖြစ်သင့်သော အပြုအမူပဲဖြစ်၏ ။

နှင်းရည်သောက်နန်းသည် အလွှာသုံးလွှာသာရှိတာမို့ သိပ်ပြီးမြင့်မားတဲ့ နန်းဆောင်တစ်ခုမဟုတ် ။ ဒါပေမယ့် လသာဆောင်မှာ အဆောက်အဦး၏ အပေါ်ဆုံးအထပ်ဖြစ်တာကြောင့် မြူနှင်းလွှာပါးပါးတစ်ခုကတော့ အစဉ်အမြဲလွှမ်းခြုံထားလျက်... ။ နေခြည်နုသွေးဟာ မြူရိပ်ကြားမှ လသာဆောင်သို့ ကဗျာဆန်ဆန် ဖြိုးဖြိုးဖြောက်ဖြောက် ဖြာကျနေ၏ ။

ဝရံတာ၌ရပ်နေသော ကောင်လေးသည် မြင့်မားသောအရပ်အမောင်းရှိကာ ၊ သူ၏အရိပ်‌နက်လေးဟာ နေရောင်ကို မျက်နှာမူနေသော ကောင်မလေး၏ ကိုယ်ပေါ်သို့ အုံ့မိုးကျရောက်နေသည် ။ လေပြေအေးက မြူနှင်းတွေကို သယ်ယူဆော့ကစားနေသည် ။

သူတို့နှစ်ယောက်သာ Xavia နှင့် Raven မဟုတ်ခဲ့ရင် ဤဇာတ်ကွက်ဟာ နတ်ဘုရားတွေဖန်ဆင်းတဲ့ အချစ်ပုံပြင်လေးတစ်ပုဒ် ဖြစ်လောက်ပြီမဟုတ်ပါလား ... ။

Ash : " ဟုတ်တယ် မင်းမှာ အပြစ်တွေအများကြီးပဲ ... "

သူမရဲ့အဖြေက သိပ်ကိုသမာရိုးကျဆန်ပေမယ့် သူ့အတွက်တော့ နက်နဲ၏ ။

သူစိတ်ကျေနပ်ရင် ပြီးရောဆိုတဲ့ စိတ်နဲ့ သာမန်ကာလျှံကာ ဖြေလိုက်တာမှန်း သူသိတာပေါ့ ။ သူမနဲ့ပတ်သတ်ရင် ဘာကိုမှ ပုံမှန်လို့ မတွေးတတ်တဲ့ သူ့ရဲ့ဦးနှောက်ကြီးကပဲ မှားနေတာ ။

Days of Counting Camellia (Hiatus)Where stories live. Discover now