🤴🏼10🤴🏼

Start from the beginning
                                    

နေသန်ဆုံးပါးသွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး
Jeonဝမ်းနည်းနေခဲ့တယ်ဆိုတာသူသိတာမို့
ဘာမှမပြောဘဲရက်တချို့တိတ်တိတ်နေပေးခဲ့သည်။
Jeonအဆင်ပြေဖို့ကိုဦးစားပေးကာ
တော်ရုံတန်ရုံမတုံ့ပြန်ဘဲငြိမ်ငြိမ်သက်သက်ရှိပေးခဲ့သည်။
ရက်တွေအတူတူရှိလာလေလေ...
Jeon အပေါ်တိမ်းညွှတ်မှုတွေသည်
ပိုမိုလာကာ သူ့နှလုံးသားထဲက
ဖြစ်ချင်ခဲ့သောဆန္ဒတခုသည်
သိပ်ကြည့်ကောင်းအောင်ပြုံးတတ်တဲ့
ဒီလူဆိုးကြီးကို အေးအေးချမ်းချမ်းအသက်ရှင်သွား
စေချင်တာ......။

"ဘာကိစ္စနေလို့မရရမှာလဲ...
အကြောင်းပြချက်တွေလာပေးမနေနဲ့..."

"ဒီနိုင်ငံရဲ့အိမ်ရှေ့မင်းသားက
ယောကျ်ားတယောက်နောက်လိုက်ပြေးသွား
တယ်ဆိုတဲ့အရှက်တရားမျိုး
ငါ့နိုင်ငံကိုငါမပေးနိုင်ဘူး...
ပီးတော့ ငါမင်းကို အသက်ရှင်စေချင်တယ်...
မင်းနဲ့ငါပေါင်းစပ်နေတိုင်းနှစ်ယောက်စလုံး
သေဒဏ်ကျဖို့ကိုလက်ယက်ခေါ်နေသလိုပဲ
မင်းကြောင့်လည်းငါမသေချင်သလို
ငါ့ကြောင့်လည်းမင်းကိုမသေစေချင်ဘူး...."

"သေမှာကြောက်နေတာလား မင်...
မင်းနိုင်ငံနဲ့ ငါ ဘယ်ဟာပိုအရေးကြီးလဲ"

"ငါ့နိုင်ငံ...."

"ParkJimin..!"

တစ်ယောက်ကအားလုံးဖယ်ချခဲ့ကာ
ဘဝသစ်တခုကိုစလို့လွယ်တယ်ထင်ရပေမယ့်
နောက်တစ်ယောက်ရဲ့ပုခုံးပေါ်မှာက
နိုင်ငံတနိုင်ငံရှိနေသည်။

"ငါမင်းကိုနောက်ထပ်မဖမ်းဘူး
မင်းလွတ်မြောက်မဲ့တနေရာကိုပြေး
ငါမသိချင်ယောင်ဆောင်ပေးမယ်
ငါမင်းကိုအသက်ရှင်စေချင်တယ်
လွတ်လွတ်လပ်လပ်လူ့ဘဝကို
ဖြတ်သန်းစေချင်တယ်
ငါမင်းကိုလွှတ်ပေးလိုက်တာ
ငါ့နိုင်ငံအပေါ်သစ္စာမဲ့လွန်းပြီး
တသက်လုံးလိပ်ပြာမလုံနိုင်မဲ့ကိစ္စ
ငါလုပ်ပေးနိုင်တာ ဒါအကုန်ပဲ..."

"ငါလိုချင်တာအဲ့တာမဟုတ်ဘူး
ငါအသက်ရှင်ဖို့ ဘယ်လောက်ခက်ခက်
ငါရုန်းထွက်နိုင်တယ်....
မင်းလွှတ်မပေးလည်း ငါလွတ်မြောက်တယ်
ငါနဲ့အတူတူ မင်း ပါဖို့ပဲလိုတာ.."

"ငါမလုပ်နိုင်ဘူး....ငါသာမာန်လူမဟုတ်ဘူး
သာမာန်လူတွေတောင် မဖြစ်နိုင်ရင်
လက်လျှော့ရတာ ငါ့အနေနဲ့
အရာအားလုံးကိုစွန့်ပီးမင်းနဲ့အတူနေဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ဘူး..."

My Crown Prince 🤴🏼Where stories live. Discover now