နမ်းနေရင်းနဲ့ပင်ခါးသေးသေးလေးအား
ခပ်တင်းတင်းချူပ်ကိုင်ကာ
အခန်းတခုထဲသို့ဝင်သွားလိုက်သည်။
ရေချိုးခန်းကျယ်ကြီးသည်
အိမ်ရှေ့မင်းသားအသုံးပြုနေသော
အဆောင်အယောင်လို့မပြောရကျောင်းထဲအထိ
တောင်ခမ်းခမ်းနားနားရှိနေသည်။

နံရံတွင်ပြေးပေါက်မရှိပိတ်လိုက်ကာ
နူတ်ခမ်းတွေကိုခဏခွါပြီး

"အဖမ်းခံရရင် တွေ့ဆုံတိုင်းဒီလို
အများကြီးနမ်းခဲ့ပါတယ်ဆိုတဲ့အကြောင်းတွေ
တစ်နိုင်ငံလုံးသိအောင်ဖွင့်ချပစ်မှာ...."

"မင်း......!"

"ကိုယ့်ကိုဖမ်းရမှာရဲအလုပ်
မင်လေး အလုပ်မဟုတ်ဘူး
မင်လေး အလုပ်က ကိုယ့်ကိုပြန်ချစ်ရမဲ့အလုပ်
အပြင်တခြားမရှိဘူး..."

"ရွံ...စ ..."

နူတ်ခမ်းတွေဆီတကျော့ပြန်ဝင်လာသော
ရမ်းကားမှုသည်ပိုပြင်းထန်နေသလို....။
Necktie အားဆွဲဖြုတ်ကာကြယ်သီးတွေအား
ဖြုတ်ချတော့မယ့်ဟန်ပြင်တော့
လက်သေးသေးတွေသည်အတင်းအကျပ်တားသည်။

"မဖြစ်ဘူး....ငါနန်းတော်ပြန်ရတော့မှာ..."

"နန်းတော်မပြန်ရရင်တော့ဖြစ်တယ်မလား..
ခုမှမပြန်ရသေးတာ..."

"ဒီကောင်...!!!!"

"ခဏလေးပဲ...တစ်ခါတစ်ခါလာတွေ့ရတာ
မလွယ်ဘူး အခန့်မသင့်ရင်ကိုယ်သေသွားနိုင်တယ်"

"မင်းကိုဘယ်သူကစွန့်စားခိုင်းနေလို့လဲ..."

"ချစ်လို့.လေ..."

လူဆိုးကြီး၏ ချစ်လို့ ဆိုတဲ့စကားလုံးနောက်
သနားစရာမျက်နှာအားမော့ကြည့်လိုက်တော့
တကိုယိလုံးရှန်းမြမြဖြစ်သွားစေသော
အကြည့်တွေ...။
ဘယ်တုန်းကမှမကြည့်ချင်ခဲ့သောမျက်နှာသည်
ဒီနေ့ကြည့်ကောင်းနေတာလား..မပြောတတ်။
ကြည့်နေရင်း အန်ချင်မလာတော့ပါ...။

"အသဲယားအောင်ကြည့်နေပြန်ပီ...."

ဘေစင်ပေါ်ချီတင်လိုက်ကာ
လူဆိုးကြီး၏နူတ်ခမ်းပါးတွေသည်
တကိုယ်လုံးအားစတိုက်ခိုက်ချေပီ...။

My Crown Prince 🤴🏼Όπου ζουν οι ιστορίες. Ανακάλυψε τώρα