(3.9)ဂျန်ထယ်ယန်း

3.9K 423 15
                                    

Unicode

ထယ်ယန်း ဆွဲကြိုးကိုကြည့်ပြီးတပြုံးပြုံးဖြင့် လှေကားတက်သည့်တစ်လျှောက်လုံး မြောက်ကြွမြောက်ကြွဖြစ်နေသည်

အပေါ်ရောက်တာနဲ့ ချစ်ရသူကို တကြော်ကြော်အော်ခေါ်ရင်း လက်ကလည်းတံခါးကိုဖွင့်နေသည်။
Voiceလည်း အသေးလေးအသံကြောင့် အပြေးလေးထွက်လာကာ သွားစွယ်လေးတွေပေါ်ကာ မျက်လုံးလေးမှိတ်ကျသည်အထိပြုံးလိုက်ကာ
"'ပြန်လာပြီပေါ့...ကိုယ်မလိုက်တော့အဆင်ပြေရဲ့လား..."'

Voiceဆိုလိုတာက သူမပါလို့ သရဲတွေကိုမြင်ရတာအဆင်ပြေလားလို့ပြောချင်သည့်ပုံပင်...

ထယ်ယန်းကထိုသို့မထင်ဘဲ ဆွဲကြိုးကိစ္စပြောတယ်မှတ်ကာ
"ပြေတယ်လေ...ဒီမှာ..."
ဆွဲကြိုးလေးကိုအိပ်ကပ်ထဲကထုတ်ကာ Voiceရှေ့ထုတ်ပြလိုက်သည်။
ဆွဲကြိုးက နေမင်းပုံစံလေးဖြစ်ပြီး ပလက်တီနမ်ဖြစ်တာကြောင့် ရိုးရှင်းပြီ အမြင်ဆန်းနေသည်။

"စားပွဲပေါ်မှာတင်ထားပေးမယ်...အခုရေချိုးမလို့..."

"'အဆင်ပြေရဲ့လားအသေးလေး  ပင်ပမ်းနေသလိုပဲ...ဆွဲကြိုးဘယ်လိုရခဲ့လဲပြောပြလို့ရမလား..."'

Voiceစကားကြောင့်ထယ်ယန်းခေါင်းကုပ်လေပြီ ဆွဲကြိုးရတာလွယ်ခဲ့ပေမဲ့ ကြုံခဲ့ရတာတွေက ကိုကိုစိတ်ဆိုးစေမဲ့အကြောင်းတွေမဟုတ်ပါလား
"ပြေ..ပြေပါတယ်...ဟဲဟဲ.."

"'....."'

[ဘာဟဲဟဲလဲ...အတွေ့အကြုံလေးတွေပြောပြလိုက်ပါအုံး... voiceဆီအဆူခံရအောင်..]

'မပြောချင်ဘူး..'

'အခုမှကြောက်မနေနဲ့...ကျွန်တော်အသံသွင်းထားတယ်နော်..ပေးလိုက်ရမလား"

Leoစကားကြောင့် ထယ်ယန်းလည်းလေပူတစ်ချက်မှုတ်ထုတ်လိုက်ကာ
"ပြောပြမယ်...ကိုကိုမဆူရဘူးနော်..."

Flash back

ထယ်ယန်း ဇာတ်လိုက်နောက်ကိုအမြန်ပြေးလိုက်ကာ...ဆွဲကြိုးရဖို့ရာအကြံထုတ်ရသည်။

အခမ်းနားစတင်ပြီးမကြာဘူး ဇာတ်လိုက်က အတော်စိတ်ညစ်နေသည့်ပုံပင်...
ဘားဘက်သွားကာ အရက်တွေ‌တစ်ခွက်ပြီးတစ်ခွက်သောက်နေသည်။ သူ့အတွင်းရေးမှူးSamကလည်း ဘေးကနေ ကျောက်ရုပ်အလားရပ်နေရုံကလွဲလို့ဘာမှမလုပ်

I Found My Love In  SystemWhere stories live. Discover now