(2.9)လီရှင်းရန်

5K 506 21
                                    

Unicode

လီဟန်ရှင်းအဆောင်တွင်...
"‌လီရှင်းရန်ကိုသတ်နိုင်ရင် ဖေးယုဘက်က မင်းသားကိုကူဖို့အဆင်သင့်ပါပဲ..."

လီဟန်ရှင်းတစ်ယောက် ဖေးယုကိုပေါင်ပေါ်တင်လိုက်ပြီး ဆံပင်လေးတွေကိုသပ်ပေးလိုက်ကာ
"အောင်မြင်စေရမယ် ဖေးယု...သူမရှိမှ ဖေးယုလည်းပျော်ရမှာမဟုတ်လား...သူ့ကိုသတ်ဖို့ ကိုယ် ပန်းနက်အဆိပ် စီစဉ်ထားတယ် "

ဖေးယု လီဟန်ရှင်းနဲ့အခုလိုနေရတာမကြိုက်ပေမဲ့လည်း သည်းခံကာ...
"ပန်းနက်အဆိပ်ဆိုတာ တကယ်ရှိတာပေါ့...ဖေးယုကပုံပြင်သပ်သပ်ထင်တာ...ဖြေဆေးမရှိဘူးလို့လည်းကြားတယ်နော်..."

"ဟုတ်တယ် တကယ်ရှိတယ် လွန်ခဲ့တဲ့(၂)လထဲက မယ်တော်နဲ့တိုင်ပင်ပြီး ဒီအဆိပ်ကို ရှာထားတာ...ဒဏ္ဍာရီလာပုံပြင်ထဲကလိုပဲ ဒီအဆိပ်က အသုံး၀င်လှပါတယ်ဆိုတဲ့ ကျားဖြူသွေးနဲ့တောင် မကယ်နိုင်ဘူး...ကိုယ့်မယ်တော်တောင်ခက်ခက်ခဲခဲရှာထားရတာ..."

ဖေးယုတစ်ယောက် လီဟန်ရှင်းကိုဒီတစ်ကြိမ်တော့အထင်မသေးရဲတော့ပေ...
"အကိုဟန်ရှင်းက တော်လိုက်တာ...အဲ့တာမို့လိုချစ်နေရတာ...အိမ်ရှေ့စံ ရာထူးက လီဟန်ရှင်းဆိုတဲ့အကိုနဲ့ပဲထိုက်တန်တာ..."

လီဟန်ရှင်းလည်း ဖေးယုငှဲ့ထားပေးတဲ့သေရည်ခွက်ကိုမော့လိုက်ကာ
"ဖေးယုလေးက သိပ်တော်တာပဲ...ပြိုင်ပွဲက မနက်ဖြန်ဆိုတော့လီရှင်းရန် သေဖို့မလိုတော့ပါဘူး..ဟား...ဟား..ဟား.."

••••••••••••••••••••••••••••••••••••••••

ပြိုင်ပွဲရက်!!

စစ်မင်လည်းအသေးရဲ့ ဂျီကျမှုကြောင့်ခွင့်ပြုလိုက်ရသည်။ (၂)ရက်လုံးနောက်ကနေတကောက်ကောက်လိုက် အစားမစားဘဲဆန္ဒတွေပြတာကြောင့် ခွင့်ပြုလိုက်ရခြင်းပင်။
အခုလည်း ကျန်တဲ့ပြိုင်ပွဲတွေကို အထိန်းတော်ကြီးဆီလွှဲခဲ့ပြီး အခုအမဲလိုက်ပြိုင်ပွဲကို ရောက်နေတာပင်။

ရှေ့မှာ လက်နက်ရွေးနေတဲ့အသေးလေးဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်ပြီး
"အသေးလေး...မသွားပါနဲ့လား ကိုယ်စိတ်တွေပူနေလို့..."

I Found My Love In  SystemWhere stories live. Discover now