Part 7(Unicode)

Começar do início
                                    

*ငါရူးနေလို့ ဖြစ်မှာပေါ့*

"ဖြစ်ရမယ် ညီမလေးကတော့"

"အိမ်ရှင်ဆီက ခွင့်တောင်းအုံးမလို့ပဲ ဒါပေမဲ့ လေ အိမ်ထဲမှာက အသံတွေတိတ်ပြီး လူတွေ မနိုးကြသေးဘူးထင်လို့
တက်ခူးမိတာ၊ မမ စိတ်မဆိုးပါနဲ့နော် နော်"

လက်လေး နှစ်ဖက်ကို ယှက်လို့ ခွင့်လွှတ်မှုတောင်းခံနေတာက ယုယငယ်မှ ဟုတ်ပါလေစ။
သူ့မှ စူးရှ မမြင်နိုင်တဲ့ တစ်ဘက်အခြမ်းတွေက အဲ့လောက် အသည်းယားစရာကောင်းသတဲ့လား?

အပြစ်ကင်းစင်နေသော မျက်ဝန်းများ၊ ဘာအပေါ်ယံ ခြယ်သမှုမှ မပါတဲ့ မျက်နှာနုနုက ပိတောက်ပင်ပေါ်က ပြုတ်ကျလို့ အနည်းငယ်ပွန်းပဲ့နေတာတောင် ချစ်စရာကောင်းနေခြင်းကို ဖုန်းကွယ်လို့မရ။

သူ့ရဲ့အမူအယာ ၊ သူ့ရဲ့ပုံစံ နဲ့ စကားပြောဆိုပုံတွေက
စူးရှကို စိတ်ဝင်စားမှု ပိုတိုးစေသည်။

"စူးရှ..စူးရှရေ"

"ဟ..ဟင် ဗျာ P"

"ဘာဖြစ်သွားသေးလဲ အဆင်ပြေရဲ့လား"

"အင်း ရတယ် ဘာမှမဖြစ်ပါဘူး၊
ပန်းလိုချင်တယ်မလာ ကျွန်တော်ခူးပေးမယ်လေ"

"အဲ..ဟိုလေ.."

ဝါးချူပြန်ယူပြီး ကျွန်တော် အမအွန်မ် အတွက် ပိတောက်ပန်းခူးပေးဖို့လုပ်တော့
ယုယငယ်က ကျွန်တော့်ကို တစ်ခုခု ပြောဖို့ရှိနေပုံပဲ။

"သူ့နာမည်က စူးရှထက်သာလေ ညီမလေးရဲ့ "

အခေါ်အဝေါ် မသိဘူးထင်လို့ အမအွန်မ် က သဘောရိုးပြောပြခြင်းဖြစ်မှာပါလို့ထင်လိုက်ပေမယ့် ...

"အဲ့ကောင်လေး ခူးစရာမလိုပါဘူး၊ ငယ် ခူးထားတာတွေ အပင်ပေါ်မှာ ကျန်နေခဲ့တယ် ဟီးဟီး အဲ့တာလေး ဝါးနဲ့ လှန်းယူလိုက်ရုံပဲ"

အဲ့ကောင်လေး..?
တစ်ဆိတ်လောက်၊
အဲ့ကောင်လေးဆိုတာ ကျွန်တော့် ပြောလိုက်တာလား။
နားကြားတော့ မမှားနိုင်ပါဘူးနော်။

အပင်ပေါ်ကို မော့ကြည့်တော့ စောစောက သူထိုင်နေတဲ့နေရာက သစ်ပင်ရဲ့ခွဆုံတည့်တည့်မှာ ပိတောက်ပန်းခတ်လေးတွေ တော်တော်များများ တင်နေသည်။

A letter to A boy who is not a boy(Completed)Onde histórias criam vida. Descubra agora