မိမိသိတတ်​စအရွယ်​ကပင်​မိမိအားအိမ်​သပ်​သပ်​ခွဲ​ပေးထား၍​နေချင်​သလို​နေ​စေခဲ့သည်​.....လိုအပ်​သည်​တို့ကိုအိမ်​အကူတို့ကိုသာထား၍လုပ်​​ပေး​စေသည်​.....။

ယခု​ခေါ်သည်​ကလိုအပ်​ချက်​ရှိ​နေခြင်း​ပေပဲလား.....။

မိမိအ​တွေးတို့ကကြာရှည်​မခံခဲ့​ချေ....။ရှေ့မှGu Weiဆိုသည့်​​ပါးပါး၏လူယုံ​ကြောင့်​ပျက်​သွားခဲ့၏.....။

" သခင်​ကြီးက​တော့ဒီအတိုင်း​ခေါ်လာခဲ့ဖို့ပဲ​ပြောလိုက်​ပါတယ်​..."

" ငါဒီည​နေDao Yue နဲ့လာခဲ့မယ်​.."

" ဟို..."

Lu cao မိမိ​ရှေ့မှထစ်​​ငေါ့​နေသည်​ထိုသူ​ကြောင့်​စကားဆက်​ဆိုလိုက်​သည်​....။

" ဘာဖြစ်​လို့လဲ.. ."

" ဟို..သခင်​ကြီးကသခင်​​လေးတစ်​​ယောက်​ထဲပဲလာခဲ့ဖို့မှာလိုက်​တာပါ..ပြီး​တော့ချက်​ချင်းလိုက်​ခဲ့ဖို့.."

' အဲ့​လောက်​နိုင်​စားပြစရာမလိုပါဘူးပါးရယ်​.....ဒီ​ကောင်​ကပါးစကား​ဆိုလွန်​ဆန်​နိုင်​တဲ့စာရင်းထဲမဝင်​​သေးပါဘူး....´

စိတ်​ထဲကသာဆိုမိလိုက်​သည်​....အပြင်​တွင်​​တော့စိတ်​ရှုပ်​ဟန်​ကိုသာ​ဆောင်​ထားလိုက်​သည်​.....။

" ငါလိုက်​ခဲ့မယ်​..."

.............................................

" ထိုင်​~~"

မိမိ​ရောက်​​ရောက်​ချင်း​တွေ့လိုက်​ရသည့်​သူတစ်​ဦးဆီမှထွက်​လာသည့်​စကားတစ်​ခွန်း......။
မှန်​သည်​..ထိုသူသည်​နှစ်​၍ီးမရှိနိုင်​​တော့မိမိ၏တစ်​ဦးတည်း​သော​သွေး​အေးသည့်​ဖခင်​ပင်​.....။

" ကျွန်​​တော့်​ကို​ခေါ်တာက.."

ရုတ်​တရက်​လက်​တစ်​ဖက်​ဖြင့်​ကာလိုက်​သည့်​​ကြောင့်
ကျန်​စကားတစ်​ဝက်​တို့သည်​​လေထဲတွင်​သာရပ်​တန့်​ကုန်​၏....။
ဆက်​၍မ​မေး​တော့နှင့်​ဟူသည့်​အဓိပ္ပါယ်​ပင်​...မိမိသည်​ဖခင်​နှင့်​အတူမ​နေဖူး​သော်​လည်း...တစ်​ခါတစ်​ခါပုံစံတို့ကသခင်​တစ်​ဦးမှသူ၏ကျွန်​အားမလိုဘူးဆက်​မ​ပြောနဲ့...ဆက်​မလုပ်​နဲ့ဟူ၍တား​နေခြင်းမှန်းLu cao သိသည်​....။

Devil System(U+Z)Where stories live. Discover now