အချစ်စစ် အပိုင်း၂၉

Start from the beginning
                                    

မျက်ရည်များနှင့်အတူ အက်ကွဲသံဖြင့်
"အချိန်တွေတောင်ကြာခဲ့ပြီနော် ၄လလောက်ရှိပြီထင်တယ်..တောင်းပန်ပါတယ် ကျနော်စောစောမလာနိုင်ခဲ့ဖူး...(မလာနိုင်တာထပ် မယုံကြည်နိုင်လို့ငြင်းဆန်နေခဲ့သည်ဆိုပိုမှန်မည်)...
လွမ်းတယ်..ကျနော့်ကြောင့်သာ...အမှန်ဆို ကျနော့်ကိုမကယ်ခဲ့ရင်သေမှာမဟုတ်ဖူး..ကျနော်ကသာသေသင့်တဲ့သူပါ..တောင်းပန်ပါတယ်...ပြန်မရတော့မှနောင်တရတယ်တဲ့...နောင်တတွေပြည့်နေပြီ..ကျနော့်ကြောင့်...."

ရှောင်ကျန့်ကြေကွဲစွာငိုကြီးချတော့သည်..

ရွက်ဟောင်းကြွေလို့ရွက်သစ်ဝေသလို
ကိုယ့်နားကလူတွေဟာလည်းမနှုတ်ဆက်ပဲထွက်ခွာသွားတတ်သည်...

ရှောင်ကျန့်ငိုနေတုန်းပခုံးကိုလာဖက်သလိုခံစားရ၍ကြည့်လိုက်တော့
ငိုချင်ရက်လက်တို့ဆိုသလို ထိုသူ့ရင်ခွင်ထဲတွင်သာမျက်နှာအပ်၍ငိုနေသည်
ထိုသူကလည်းမိမိရဲ့ကျောကုန်းကိုပွတ်သပ်၍
နှစ်သိမ့်ပေးနေသည်..နှုတ်ဖျားမှလည်း..
"ဘယ်သူမှဘာမှမပြောတာမို့  ခံစားရတာတွေအကုန် ငိုချလိုက် ကိုယ်ဘေးမှာရှိနေပေးမယ်"

သြရှရှအသံဟာရိုးသွားသည်လို့မရှိနားထဲလည်းအမြဲစွဲလျက်

အချိန်အတန်ကြာမှငိုပြီးသွားသည်ထင်ရင်ခွင်ထဲက ကလေးဟာငြိမ်သက်သွားသည်
ရင်ခွင်ထဲကအကောင်ပေါက်လေးကိုငုံ့ကြည့်လိုက်တော့ငိုထားသည်မို့ မျက်နှာလေးရဲလို့နေသည်..

မပြန်ခင်လေး အဖြူရောင်နှင်းဆီပန်းစည်းတင်ထားသည့်နေရာကိုတချက်ပြန်ကြည့်လိုက်သည်
စိတ်ထဲမှလည်းအားလည်းနာသလိုကျေးဇူးလည်းတင်လျက်..
ကလေးကလည်း ရင်ခွင်ထဲမှ ထွက်ပြီး ထိုနေရာကိုပြန်ကြည့်ရင်းမပြန်ခင်လေး..
"အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ် ကျန့်ကျန့်ကိုဆက်ပြီး..အသက်ရှင်ခွင့်ပေးတဲ့အတွက်ကျေးဇူးပါ ကြီးကြီး ...ကျန့်ကျန့်ကြီးကြီးလိုချင်တဲ့အတိုင်းကျန့်ကျန့် အတတ်နိုင်ဆုံးပျော်အောင်နေပါမယ် ကြီးကြီးလည်းကောင်းရာမွန်ရာ မှာ အဆင်ပြေပါစေနော် "
ဆိုကာမျက်ရည်များကိုသုတ်ပြီးအားတင်းပြောသည်
ရိပေါ်ကလည်း weddingတုန်းကသူတို့သုံးယောက်ရိုက်ထားသည့်ဓာတ်ပုံလေးကိုတင်ကာ

အချစ်စစ်(Yizhan version)Where stories live. Discover now