အချစ်စစ် အပိုင်း၂၉

Zacznij od początku
                                    

"ကျေးဇူးပါဆရာ"
"ရပါတယ်ကျနော့်ခွင့်ပြုပါအုန်း"

ဆရာဝန်ထွက်သွားသည်နှင့်ကျိုးချန်ကလည်းသူငယ်ချင်းဖြစ်သူကို ငိုမဲ့မဲ့မျက်နှာနှင့်ကြည့်သည်..
"ချန်လေး မင်းကလည်း လာပါအုန်း"

ငိုမဲ့မဲ့ရုပ်နှင့်အနားသို့ကပ်လာတော့သူငယ်ချင်းကြောင့်လည်းရယ်ချင်စိတ်ကိုမနည်းထိန်းထားရသေးသည်.
ကျိုးချန်နှင့်ဖက်ပြီးပြန်ခွာသွားမှ
"ပြန်လာလို့ ငါတို့ဆီကိုပြန်လာခဲ့လို့ခွင့်လွှတ်ပေးလိုက်မယ်  ရွတ်"
"အေးပါကွာ နှာရည်ကျနေပြီညစ်ပတ်အိုး"
"ရာ ရှောင်ကျန့် မင်းဟာလည်း မကောင်းတဲ့ကောင်"
"အဲ့တော့ဘာဖြစ် .."
"ဟင်း ဒီတစ်ခါအလွတ်ပေးလိုက်မယ်"
"ဒါနဲ့ ..........
...
.
အစ်ကိုရော?"

မေးလိုက်သည်နှင့်မျက်နှာပျက်သွားသောသူငယ်ချင်းဖြစ်သူကြောင့်... ရင်ထဲနေလို့မကောင်း...ရင်တွေပါပူလာတာကြောင့် ရင်ဘက်ကလည်းအောင့်သည်..

"ငါ့ကိုပြောပါဘာဖြစ်လို့လဲ"
"ရှောင်ကျန့်စိတ်အေးအေးထားပါ မင်းကအခုမှသတိရတာ မင်းစိတ်အေးအေးထားမယ်လို့ကတိပေး"

စိတ်အေးအေးထားလို့ပြောမှပို၍ရင်တွေပူလာသည်
သိချင်ဇောကြောင့်ခေါင်းငြိမ့်လိုက်တော့
"အမှန်တော့ မင်းကိုနှလုံးလှူတဲ့အလှူရှင်ကလမ်းမှာအက်စီးဒင့်ဖြစ်သွားလို့ ......"

ကြားနေရသောစကားများကြောင့် မယုံကြည်နိုင်..ဟင်အင့်...ကျနော့်ကြောင့်တဲ့လား...မျက်ရည်များဟာလည်းကျနော့်ပါးပြင်နှစ်ဖက်မှာနေရာယူလို့နေသည်...
ဘာလို့လည်း ကျနော့်ကြောင့်အခု ကျနော့်ကြောင့်နဲ့တဲ့လား...

ကံကြမ္မာဟာကျနော့်အတွက်တော့ ဘယ်တော့မှသက်တံ့မရှိဘဲအမြဲတမ်းမည်းမှောင်ခြင်းသာရှိသည့်မိုးတိမ်တွေသာဖြစ်သည်
-------------------------------

နွေဦးအစဖြစ်သည့်ဤအချိန်ဟာသာယာသည့်ရာသီဥတုတစ်ခုလှပသည့်မြင်ကွင်းပေါသောအချိန်ကာလတစ်ခုလို့တခြားသူတွေအတွက်ဖြစ်ပေမယ့် ကျနော့်အတွက်တော့ နာကျင်မှုတွေယူဆောင်လာသည့်နွေဦးဖြစ်သည်ဟုလည်းဆိုလို့ရသည်..

ရှောင်ကျန့်တစ်ယောက်အဖြူရောင်နှင်းဆီပန်းစည်းနှင့်အတူဖြေးညင်းစွာလမ်းလျှောက်လာသည်..တစ်နေရာရောက်သည်နှင့်ရပ်လိုက်ပြီး ပန်းစည်းကိုချလိုက်သည်.
လနှင့်ချီစွာကြာမြင့်ခဲ့ပြီဖြစ်သောကြောင့်ဖုန်အနည်းငယ်တက်လျက်...
မျက်ရည်များဟာကိုလည်းထိန်းမထားချင်တော့..ပင်ပန်းလှသည်...နာမည်ကိုဖတ်လိုက်သည်နှင့် အားနာမှု မစွန့်လွှတ်နိုင်မှု မယုံကြည်နိုင်မှုစတဲ့ခံစားချက်တွေဟာ မျိုးစုံပြည့်နှက်လျက်..

အချစ်စစ်(Yizhan version)Opowieści tętniące życiem. Odkryj je teraz