Part 14

7.1K 468 6
                                    

Zawgyi

'မ သတိထား​လေ...မ' မန်​ တစ်​​ယောက်​ ​သူမ လက်​​ပေါ် တွင်​​မေ့လဲသွား​သော ထိုအမျိုးသမီး ကို ​ပွေ့ချီကာ သူမ ကားနှင့်​ပင်​ နီးစပ်​ရာ​ဆေးရုံသို့​ ​မောင်းလာခဲ့
သည်​။

သူမ လက်နှစ်​ဖက်​ကို အကြိမ်​ကြိမ်​ပွတ်​ကာ ဆရာဝန်​ ​စမ်းသပ်​​နေသည်​ကို ​ဘေးမှသာ ကြည့်​​နေမိသည်​။
အားနည်း​နေ​သော ထိုအမျိုးသမီး မျက်​နှာကို မြင်​ရသည်​မှာ သူမ ကိုနာကျင်​​စေသည်​။မန်​ ယုယ​မေ ဟူ​သော ထိုအမျိုးသမီး ကို​ပျော်​​စေချင်​သည်​။ထိုအမျိုးသမီးအ​ပေါ်ထား​ခဲ့​သော သူမ၏ချစ်​ခြင်းသည်​ ဖြူစင်​လှသည်​။အရင်​ကတည်းက မထိရက်​မကိုင်​ရက်​​သော ထိုအမျိုးသမီး ကိုလွယ်​လင့်​တကူပင်​ သူမ နားမှထွက်​ခွါခွင့်​ ပြုလိုက်​မိသည်​။ယခုတွင်​​တော့ မန်​ ထိုအမျိုးသမီး ကို ကာကွယ်​​ပေးချင်​မိပါ​သေးသည်​။

'လူနာရှင်​ ကျွန်​​တော်​နဲ့ခဏ​လောက်​ လိုက်​ခဲ့​ပေးပါ' သူမ ဘက်​သို့လှည့်​ကာ ဆိုလာ​သော ဆရာဝန်​​ကြောင့်​ သူမ စိတ်​လှုပ်​ရှားကာ ​ခေါင်းသာငြိမ့်​ပြနိုင်​​လေသည်​။

မေ မနက်​ကတည်းက ​ခေါင်းအနည်းငယ်​ ပြန်​ကိုက်​​နေ​လေသည်​။သူမ ​ရောဂါမှာလည်း ပြန်​ထ​နေသည်​ကို သတိထားမိသည်​။အခုတ​လော အသက်​ရှူမဝသလို
ဖြစ်​လာကာ နှလုံးမှာ ပြန်​​အောင့်​လာ​လေသည်​။သို့​သော်​ အိမ်​သား​တွေကိုစိတ်​မပူ​စေလို​သော​ကြောင့်​ တစ်​​ကြောင်း၊ဒုက္ခမ​ပေးလို​သော​ကြောင့်​ တစ်​​ကြောင်း
မ​ပြောဘဲ​နေခဲ့သည်​။ယခုမနက်​ မြတ်​နိုးကို လိုက်​ပို့၍
အိမ်​ကိုတန်းပြန်​မည်​ဟုလုပ်​​သော်​လည်း ​ခေါင်းမှာရိပ်​ခနဲဖြစ်​ကာ သူမ သတိ​မေ့သွားသည်​။မေ ​နောက်​ဆုံး
မြင်​လိုက်​ရသည်​မှာ ထိုက​လေး၏ မျက်​နှာပင်​ဖြစ်​သည်​။

ဘယ့်​နှယ်​လည်း ယုယု​မေရယ်​ ယခုလို ဖြစ်​​နေချိန်​မှာ​တောင်​ ထိုက​လေးမျက်​နှာကို မျက်​လုံးထဲက မထွက်​နိုင်​​ပေ။သိပ်​ကို ဆိုးမိုက်​လှသည်​။ဘာ​ကြောင့်​များ ထိုက​လေးရင်​ကို စုံကန်​ကာ ထွက်​​ပြေးခဲ့မိလဲ ​မေ ကိုယ့်​ဘာသာကိုယ်​ စဉ်းစားမရ​ချေ။

Demons🔞Season 1 [Completed]Where stories live. Discover now