Part -1

1.4K 72 34
                                    

မိုး​တွေရွာ​နေချိန် ​သေနတ်သံတစ်ချက်နဲ့အတူ ​သွေးအိုင်ထဲတွင် လဲကျ​နေ​သော
လူတစ်​ယောက်...
သူ့​ဘေးတွင် မိုးသံနဲ့အတူ
သည်းထန်စွာငို​ကြွေး​နေ​သော
က​လေးငယ်တစ်​ယောက်။

"မဟုတ်ဘူး... မဖြစ်နိုင်ဘူး
ထွက်သွား​ပေးပါ...
မဟုတ်ဘူးး...ထွက်သွား..
အားးးးးးးး"

​နောက်ဆုံး​တော့ သူလန့်နိုးလာ​ချေပီ။
​​ချွေး​တွေကလည်း
တစ်ကိုယ်လုံးအပြည့်နဲ့ပင်။
ပြတင်း​ပေါက်ကိုဖွင့်လိုက်တဲ့
အချိန်မှာ​တော့ လှပတဲ့မနက်ခင်းရဲ့ ​
နေ​ရောင်ခြည်ဟာ ကိုယ်​ပေါ်သို့
ဖြာကျလျက် သူ့အား​​​နေ့တစ်​နေ့တာအတွက် ကြိုဆို​နေသ​ယောင်။

မနက်ခင်းရဲ့​လေပြည်ကို
တစ်၀ရှူရှိူက်ရင်း အားယူကာ
​သူ​ခေါ်လိုက်သည့် နာမည်ကား

"Ju Hae Yoon"

​ခေါ်ပီးသည်နဲ့ တစ်ပြိုက်နက်
သူ​ရှေ့ ချက်ချင်း​ရောက်ချလာ​သော သူမ

"အကို​လေး နိုးလာပီလား
ဟင်​​​..ချွေး​တွေလည်းရွဲနစ်​နေပါ့လား
မဟုတ်မှ အိမ်မက်ဆိုး
ထပ်မက်ပြန်တာလားဟင်
အကို​​လေးအဆင်​ပြေရဲ့လား "

"ကျစ်....
ဘာလို့ အဲ့​လောက်​တောင် ​မေးခွန်​တွေ တန်းစီ​မေး​နေရတာလဲ"

"မှားသွားပါတယ် အကို​လေး"

"အမြဲအဲ့လိုဘဲ​ပြော​နေသိလား"

"​​တောင်းပန်ပါတယ် "

"ငါ​ရေချိုးဖို့ ရေ​နွေးသွားစပ်​ပေးအုံး
မျက်နှာသစ်ဖို့အတွက်လည်း
လုပ်​ပေးထား ​ အကျီထုတ်​ပေးဖို့လည်း
မ​မေ့နဲ့ မနက်စာပြင်ထား
​နောက် 5 မိနစ်အတွင်းဆင်းလာခဲ့မယ်
​အော်... မင်းကိုယ်တိုင် ပြင်​ပေး​နော်"

​"ဟုတ်..ဟုတ်ကဲ့အကို​လေး"

​နောက်ဆုံးစကားကို အနားကပ်ပီး မျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ
​ပြောသွားတာ​ကြောင့် hae yoon ခမျာ
​ကြောက်​ကြောက်လန့်လန့်နဲ့
စကား​တွေပါထစ်ကုန်​တော့သည်။

*အဲ့​လောက်​တောင် ကျွန်မအ​ပေါ်လွှမ်းမိုးနိုင်ပါတယ် အကို​လေး*

Tae Hyung လည်းသူ့​ဘေးက
ထွက်ခွာသွားတဲ့​​ကျောပြင်ငယ်​လေးအား အ​တော်အတန်စိုက်ကြည်ပီး​နောက် ​​နေ့တစ်​နေ့တာအတွက်
အစပြုရင် ပြင်ဆင်​​လေ​တော့သည်။

She  is  mineWhere stories live. Discover now