(Arc-1)Chapter-1

43K 3.8K 188
                                    

[Unicode]

အပိုင်း၁- အိပ်မက်ဆိုး

ချီယန် အိပ်မက်မှလန့်နိုးလာသည်၊ သူ၏
ညအိပ်ဝတ်စုံသည်ချွေးအေးများဖြင့်ရွှဲနစ်နေပြီး
နှလုံးသားသည် စည်းချက်လွတ်နေသည့်
ဒရမ်တစ်ခုကဲ့သို့ခုန်နေ၏။ သူ့မျက်လုံးများကို
နှေးကွေးစွာဖွင့်ကြည့်လိုက်ပြီး ခုတင်ဘေးရှိ
မီးအိမ်မှလိမ္မော်ဖျော့ဖျော့အလင်းရောင်နှင့်
ဧည့်ခန်းဆီမှဝင်ရောက်နေသည့် အလင်းစူစူးကို
တွေ့ပါမှ သက်ပြင်းချလိုက်ကာ လည်တွင်
ဆွဲထားသည့်ကျောက်စိမ်းဆွဲသီးလေးအား
လက်ချောင်းများဖြင့် ထိလိုက်သည်။
သူ တက္ကသိုလ်ကိုပြန်ရောက်နေတယ်လို့
အိပ်မက်မက်ခဲ့၏။

သူကျောင်းတက်စဉ်က အိပ်ဆောင်တွင်
အခြားကျောင်းသားလေးယောက်နဲ့အတူ
တစ်ခန်းတည်းနေခဲ့ရသည်။ အိမ်သာများ
ရေချိုးခန်းများ ဆေးကြောသန့်စင်ရာနေရာများ
ကို မျှသုံးရတာဖြစ်ပြီး အခန်းအနည်းငယ်ရှိသည့်
စင်္ကြံတစ်လျှောက်အတိုင်းတည်ရှိသည်။
သူအိမ်သာသွားပြီး ပြန်လာတော့အခန်းအပြင်ဘက်
မှာ ပိတ်ခံထားရတယ်လို့အိပ်မက်မက်ခဲ့သည်။
သူဘယ်လောက်ပဲအော်အော် တံခါးကို
ဘယ်လောက်ပဲခေါက်ခေါက် တုံ့ပြန်မှုတစ်စုံတစ်ရာ
မရှိခဲ့ပေ။ သူ့အခန်းဖော်တွေရဲ့နာမည်ကို
အော်ခေါ် လိုက်ပြီး
"တံခါးဖွင့် ငါပါချီယန်လေ" လို့ပြောခဲ့သော်လည်း
အရာမရောက်ပေ။ အကြောင်းတစ်စုံတစ်ရာ
မရှိပါဘဲ အထဲမှာဘာဖြစ်နေလဲဆိုတာ
သူမြင်နိုင်ကြားနိုင်နေရသည်။ သူ့ရဲ့အခန်းဖော်
သုံးယောက်အပြင် နောက်ထပ်သူတစ်ယောက်
ရှိနေခဲ့ကာ နောက်ထပ် 'ချီယန်' သည်
သူ့အခန်းဖော်များအား တံခါးမဖွင့်ရန်
သတိပေးနေသည်၊ "အပြင်ဘက်ကသူက
လူမဟုတ်ဘူး" ။ သူနဲ့အချိန်အတူတူဖြုန်းခဲ့ဖူးတဲ့
အခန်းဖော်များက သူ့အားအပြင်ဘက်တွင်
ပိတ်ထားခဲ့သည်။

အခြားချီယန်က သူ့အခန်းဖော်များနောက်တွင်
မတ်တပ်ရပ်နေပြီး သူ့ကိုလည်းမြင်ရပုံပေါ် သည်။
ရုတ်တရက် ခေါင်းမော့လာပြီး
နှုတ်ခမ်းများက ပြုံးယောင်သမ်းလာကာ
သူ့အားပြုံးပြလာ၏။ ထိုအခိုက်တွင်
ချီယန်လည်း လန့်နိုးလာခဲ့သည်။

ထာဝရချစ်သူ//ထာဝရခ်စ္သူ [မြန်မာဘာသာပြန်] (Completed) Where stories live. Discover now