🐯 ( 22) 🐰 ( Unicode) End

Start from the beginning
                                    

လေသံ သဲ့သဲ့ နဲ့ ပြောနေတာကြောင့် ဖန်ရှင်း အနားကပ်နားထောင်ရသည်။
ထိုစဥ် ဝင်လာတဲ့ ဖုန်းသံကြောင့် ဖန်ရှင်း Boss နားမှ ခဏထွက်လာကာ ဖုန်းသွားပြောမိသည်။
မကြာလိုက် အပြေးအလွှားဝင်ရောက်လာကာ

" Boss .....အကိုလေး...."

ငိုသံ သဲ့သဲ့ ကြောင့် ခုတင်ပေါ်က ဝမ်ရိပေါ် ရင်တထိတ်ထိတ် ။

♦♦♦

တစ်ဖက်က အခန်းမှာလည်း

" ကျိုး....ချန်.......ကို....ကို...... က"

ကျိုးချန် ကျန့်ကျန့် လက်ကို ကိုင်ထားပြီး ရှိုက်နေမိသည်။

" ဒုန်း......ဒိုင်း......." ဆိုတဲ့ တံခါးဖွင့်သံနဲ့အတူ
ပြေးဝင်လာတဲ့ ယိုင်နဲ့နဲ့ လူတစ်ယောက် ။
ကျိုးချန် အလိုက်တသိ အနောက်ဆုတ်ပေးလိုက်သည် ။

" ကျန့်ကျန့် ကိုကိုလေ.....ကိုကို....ရောက်လာပြီ လေ "

မျက်ရည်တွေ ကြားထဲက ကျန့်ကျန့်ရဲ့ ကိုယ်လုံးလေးကို ပွေ့လိုက်ပြီး ရင်ခွင်ထဲထည့်ကာ ရှိုက်ငိုမိသည်။
မျက်လုံးလေးဖွင့်ကြည့်လာပြီး ဖျော့တော့တော့ ပြုံးလိုက်တဲ့ နှုတ်ခမ်းပါးလေးနဲ့ ပြုံးရောင်ရောင်သန်းသွားတဲ့အတွက် နှုတ်ခမ်းအောက်က မှဲ့လေးကကော့တက်သွားလေသည်။

" ကိုကို..... ...ရှိနေသေးတာပဲ... "

" ကိုကို ရှိတာမို့ ကျန့်ကျန့် ဘာမှမဖြစ်ရဘူးနော် "

" အင်း...."

ခံစားနေရတဲ့ နာကျင်မှု့တွေကို အံကြိတ်ပြီး အားတင်းကာဖြေမိသည်။ ဒါပေမဲ့ သူမဟန်တော့ မှန်းသိပါတယ်။ မနေရတော့ဘူးဆိုတာလည်း ရိပ်မိခဲ့တယ်။ ဒါပေမဲ့ မိုးနတ်မင်းက သူ့ဆုတောင်းကို ဖြည့်ဆည်းပေးခဲ့အတွက် သေရင်တောင် အသေဖြောင့်ပါပြီ ။ တစ်ခုပဲ... ဘဝဆက်တိုင်း ဒီလို အဖြစ်မျိုးနဲ့ မကြုံရဖို့ ၊ ကိုယ်ကလည်း ချစ်ရသူ ၊ သူကလည်း ချစ်တဲ့သူနဲ့ပဲ ပေါင်းဖက်ပါရစေ ။ အချစ်စစ်တို့မည်သည် မဖြောင့်ဖြူးမှန်း သိပေမဲ့ တတ်နိုင်သမျှ နာကျင်ရမှု့ ကင်းရပါလို ၏ ။ ဘဝဆက်တိုင်း ဆုံစည်းချင်သေးတယ် ကိုကို ။ ဘဝပေါင်းများစွာ ကို့ကို့ဘေးမှာ ပါရမီဖြည့် ပါရစေ ။ နှုတ်ဆက်ပါတယ် ။

Mine (Uni + Zawgyi ) CompleteWhere stories live. Discover now