🐯 ( 6 )🐰 ( Unicode )

3.8K 247 0
                                    

ကျန့်ကျန့် အိပ်ရာနိုးတော့ ကိုကို့ ခုတင်ပေါ်ရောက်နေပုံပဲ သတိရတယ် ကိုကို့ ကို ဘယ်လောက်ပဲ နှိပ်စက် နှိပ်စက် မမုန်းနိုင်ဘူး ကိုကိုရယ် ။

အင်း...ကိုကို့ အလုပ်သွားပြီလားမသိဘူး မနက် 8 နာရီဆိုတော့ မှီနိုင်လောက်သေးပါရဲ့ ရှောင်ကျန့်တစ်ယောက် ခုတင်ပေါ်က ဆင်းလိုက်ပြီး အပြင်ကို ထွက်လာမိသည် ။

သူ့ ကျောဘက်က ဒဏ်ရာတွေကိုလည်း မမှု့နိုင် ။ အောက်ရောက်တော့ အိမ်တော်ထိန်း ရှန်း ကိုတွေ့သည်နှင့်

"ကြီးကြီး ကိုကို ရောဟင် "

"ဪ သားကျန့်နိုးလာပြီလား သားကိုကိုက ဒီနေ့ အရေးကြီးကိစ္စ ရှိလို့ စောစောသွားတယ် မသွားခင်တော့ ကျန့်ကျန့်ကို ဆေးတိုက်ဖို့သေချာမှာသွားလေရဲ့ သားကိုကို က သားကိုတအားစိတ်ပူနေတာ "

"ဟုတ်ကဲ့ ကြီးကြီး "

အိမ်တော်ထိန်း ရှန်း ထွက်သွားတော့မှ ကျန့်ကျန့်လည်း အပေါ်က သူ့အခန်းကို တက်ခဲ့တော့သည်။

*ကိုကို ကလား ကျန့်ကျန့် ကိုစိတ်ပူမှာ ရယ်ဖို့ကောင်းသား ကိုကိုက နှိပ်စက်စရာလူမရှိတော့မှာ စိတ်ပူတာပါ မျှော်လင့်ချက်ဆိုတာ အကုန်လုံးရိုက်ချိုးခံထားရတော့ထပ်မ မမျှာ်လင့်ရဲ့တော့ဘူး ကိုကို *

ကျန့်ကျန့် အခန်းကလား အခန်းလို့တောင်ဆိုဖွယ်ရာ မရှိ အောက်က ကြမ်းပြင်အေးစက်စက် ကြီးကို ဖျာလေးတစ်ခုခင်းထားပြီး ဂွမ်းစောင်ပါးပါးလေးတစ်ထည် ရယ် ခေါင်းအုံးလေးတစ်လုံးရယ်ပဲ ရှိတယ်။

ဘေးနား ကစားပွဲလေးမှာတော့ သူ့အခုထိသိမ်းထားခဲ့တဲ့ ကိုကိုပေးခဲ့တဲ့ ယုန်ရုပ်လေး တစ်ရုပ် ကိုကိုကရော မှတ်မိသေးရဲ့လား........

🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰🐰

နှစ်တစ်နှစ်ရဲ့ နွေဦး ရောက်လာခဲ့ပြန်ပြီ .....
ထိုစဥ် လမ်းဘေးမှာ ငိုနေတဲ့ ခလေးတစ်ယောက် ကို အသက် 10 နှစ်အရွယ် ကောင်လေးတစ်ယောက် အရုပ်ကလေးတစ်ခု လှမ်းပေးနေလေရဲ့ ထိုအခါမှ ငိုနေတဲ့ ခလေးလေးက မော့ကြည့်လာပြီး အူတူတူလေးကြည့်နေလေရဲ့

"ရော့ ဒါက မင်းအတွက် "

"ဗျာ ကျန်ကျန့် အတွက် "

"အင်း ရော့ ယူထား"

ယုန်ရုပ်ကလေးကို ရင်မှာပိုက်ပြီး အငိုတိတ်သွားသော ခလေးလေးကိုကြည့်ကာ ဝမ်ရိပေါ် တစ်​ယောက် အူယားကာ မနေနိုင်ပဲ ပါးဖောင်းဖောင်း လေးကို ဖွဖွ လေးဆွဲညစ်လိုက်တော့ သူကိုကြည့်ကာ ယုန်သွားလေးနှစ်ချောင်း ပေါ်အောင်ရယ်ပြနေလေသည်။

ဝမ်ရိပေါ်တစ်ယောက် ဒီခလေးလေး ကို ယုန်ရုပ်လေး ပေးလိုက်တာ မှန်သွားလေသည် တကယ့် ယုန်လေးတစ်ကောင် အတိုင်းပဲ ဖြူဖွေးနေတဲ့အသားအရေ ကို အပြာရောင် သိုင်ကြိုးပါတဲ့ အကျလေးကို ဝတ်ထားတဲ့ ဒီကောင်လေးက တကယ် ချစ်စရာလေး ။

တကယ်က ဒီအရုပ်လေးကို ညီလေးဟောက်ရွှမ်းကိုပေးမလို့ ဝယ်လာတာ လမ်းဘေးမှာငိုနေတဲ့ ဒီခလေးလေးကိုတွေ့တော့ အရုပ်ကလေးကိုအလိုလို ပေးချင်လာရော ။

🐯🐯🐯🐯🐯🐯🐯🐯🐯🐯🐯🐯🐯🐯🐯

သူစိမ်းတစ်ယောက်ပေးခဲ့တဲ့ အရုပ်ကလေးကို ကျန့်ကျန့် အခုထကိထိ အမြတ်တနိုး သိမ်းထားခဲ့တယ် ကိုကို ။

ဘာလို့လဲသိလား အဲဒါက ကိုကိုဖြစ်နေခဲ့ လို့ပေါ့ အဲ့ အချိန်တည်းက ကိုကို့အပေါ် မှာ မရိုးသားခဲ့တာလားမသိဘူးနော်။

ကျန့်ကျန့်အတွက် အချစ်ဦးကလည်း ကိုကိုပဲ အချစ်ဆုံးကလည်း ကိုကိုတစ်ယောက်တည်းပါ။

🐰 *အချိန်တွေ နောက်ဆုတ်ခွင့် ရရင်တောင် ကိုကို့ နဲ့ ထပ်ပြီးတွေ့ဆုံရမယ့် အချိန်ကိုပဲ ကျန့်ကျန့် ရွေးချယ်ခဲ့မှာကိုကို.... နာကျင်ရမယ်မှန်း သိပေမဲ့ပေါ့* 🐰

Sean-K

#Aini 🙆🙆🙆

Mine (Uni + Zawgyi ) CompleteWhere stories live. Discover now