🐯 ( 9 ) 🐰 ( Zawgyi )

858 42 0
                                    

ရှောင်ကျန့် တစ်ညလုံး မအိပ်ရသေးတာကြောင့် အရမ်းပင်ပန်းနေပြီ ခေါင်းကလည်း ခုတလော အရမ်းကိုက်လာတယ် နေမရထိုင်မရဖြစ်လွန်းတာကြောင့် သောက်နေကျဆေးလေးသာသောက်လာပြီး အခန်းထဲ ဝင်ပြီး နားဖို့လုပ်လိုက်ပေမဲ့ ကိုကိုအခန်းလေးထဲမှာ ခဏလောက် ဖြစ်ဖြစ် ကိုကိုရဲ့ အငွေ့အသက်လေးတွေ နဲ့ရှိချင်မိတယ်။

ကိုကိုက သူ့အခန်းထဲ ဝင်တာမကြိုက်တာကြောင့် ကျန့်ကျန့် ရှောင်ခဲ့တယ် ကိုကို စိတ်ပျက်သွားမှာ သေလောက်အောင် ကြောက်တာ မို့ ကိုကိုမကြိုက်ရင် သူဘာဆို ဘာမှမလုပ်။ ခုတော့ စိတ်ကြည်သွားအောင် ကိုကို့ အခန်းထဲဝင်လာမိတယ်။

သူ့ဘဝ မှာ ကိုကို့ ချမှတ်ထားတဲ့ စည်းကမ်းကို ပထမဆုံး ဖောက်ဖျက်မိခြင်းပဲ ခွင့်လွှတ်ပေးပါ ကိုကို။

ကိုကို့ အခန်းထဲ ဝင်လိုက်တာနဲ့ တစ်ခန်းလုံး အမည်းတွေကြီးကြောင့် ကျန့်ကျန့် ကြတ်သီးတောင်ထမိသွားသည်။
ကိုကိုက အမည်း ကြိုက်တာသိပေမဲ့ ဒီလောက်ထိ က.....

ခုတင်ဘေးက အလုပ်စားပွဲလေးမှာ ကိုကိုရဲ့ ဓာတ်ပုံလေး ကျန့်ကျန့် ဓာတ်ပုံလေးကိုကြည့်ကာ
အလိုလိုပြုံးမိသွားသည်။ ကျန့်ကျန့်ရဲ့ ကိုကိုက ချောလိုက်တာ ကိုကိုကလေ ဘယ်ချိန်ကြည့်ကြည့်ချောနေတာပဲ။

ထိုနောက် ကိုကို့ မွေ့ယာ ပေါ်မှာ ခဏလှဲလိုက်ပြီး စိတ်ကျေနပ် တော့မှ ဆင်းလာလိုက်သည်။ အခန်းထဲကထွက်ခါနီး ကို့ကို့ရဲ့ ဖုန်းက အသံမြည်လာလေသည် အစက ဒီအတိုင်းထွက်လာမို့ စဉ်းစား ပေမဲ့ အရေးကြီးကိစ္စ
ဖြစ်နေမှာဆိုးလို့ ကိုင်လိုက်လေသည်။

" hello boss ဟိုတစ်ခေါက် project
ကုန်ကျစရိတ် စာရင်းဇယားတွေတင်ထားတာ boss
Sign ထိုးပေးဖို့လိုနေလို့ပါ အဲ့တာ ကျနော် mail ပို့ပေးလိုက်ပါ့မယ်"

" ဗျာ....ဟို့ ကျနော်က ကိုကို..... အဲ... boss မဟုတ်ဘူးဗျ "

"ဟင်အဲ့တာဆို "

"Boss ရဲ့အလုပ်သမားပါ ဘာများ ပြောစရာရှိလို့လဲ"

" အင်း.... ဒါဆို ခု mail ပို့ထားလိုက်ပါ့မယ် boss ပြန်လာရင် ပြောပေး ပါ"

"ဟုတ်.... ကဲ့ဗျ "

ဖုန်းချပြီး မကြာခင် ကိုကို့ ရဲ့ laptop ကနေ mail ဝင်လာလေသည်။

သူလည်း ကိုကို့ရဲ့ laptop ထဲ ဝင်ကြည့်ဖို့လုပ်တော့ password ခံထားလေသည်။ သူပထမဆုံးမွေ ကိုရိုက်သည် မရ ။ ကို့ကို့ရဲ့ မိသားစု က ကျန့်ကျန့် မသိတော့ ခက်ရော။ နောက်ဆုံး မျှော်လင့်ချက်ပိစိလေးနဲ့ သူ့မွေးနေ့လေးကို ရိုက်လိုက်တော့ ပွင့်သွားလေသည်။

သူအံ့ဩ လွန်းလို့ laptop လေးကိုပင်စိုက်ကြည့်နေမိသည်။ ကိုကို ကလေ.....ကိုကိုက သူ့မွေးနေ့ကို password ထားတာ.... ။

သူလည်း mail ဝင်တာ စစ်ပြီး mail box က စာတွေကို ကြည့်လိုက်တော့ အလုပ်ကိစ္စ တွေကြီးပဲ ဟူး....ငါတောင် ဒီအတိုင်း
ကြည့်တာ တောင် ခေါင်းကိုက်လာပြီ နောက်ဆုံး mail box ကနေ ထွက်မယ်လုပ်ကာမှ voice mail တစ်ခုကိုတွေ့လိုက်ရသောကြောင့် ဖွင့်လိုက်တော့ ...........။

* မျှော်လင့်ချက်တွေ ထားပြီးမှ ရိုက်ချိုးခံရတာလောက် နာကျင်ရတာ မရှိဘူး *

Sean-K
#Aini

Mine (Uni + Zawgyi ) CompleteWhere stories live. Discover now