🐯 ( 8 ) 🐰 ( Zawgyi )

Start from the beginning
                                    

"No... no. ..မေယွဲ့ နဲ့ ကျနော်က ပြီးသွားတာကြာလှပြီ ဘာလို့များ အစပြန်ဖော်ရတာလဲ ရန် CEO က ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ခွဲခြား မသိဘူးထင်တယ်"

"Daddy "

အသံလာရာကြည့်လိုက်တော့ သူ မတွေ့ချင်ဆုံး လူတစ်ယောက်

" ရိပေါ် ရော ရောက်နေတာပဲ မေယွဲ့ က ဒီနားက ကုန်တိုက်လာတာ daddy တို့ရောက်နေတာ ကြားလို့ ဝင်လာတာ "

"ဟုတ်လား ဝမ်သခင်လေး က သမီးလေးကိုမေးနေတာ"

"ဟုတ်လား ရိပေါ် "

မျှော်လင့်ချက်များစွာနဲ့ သူကို ကြည့်လာတဲ့ မေယွဲ့ မျက်လုံးတွေကို ဥပေက္ခာ ပြုကာ

" မသိဘူးလေ ဒါဆို ကျနော်ကို ခွင့်ပြုပါဦးဗျ ကျနော်ပြောတာကိုသေချာစဉ်းစား ပါဆုံးရှုံမှု့ပိုများမှာ ခင်ဗျား ဖြစ်နိုင်တယ်နော် စေတနာနဲ့သတိပေးတာ ပါ"

ဝမ်ရိပေါ် စားပွဲမှ ထကာ အပြင်ထွက်မယ်အလုပ် စားပွဲထိုးတစ်ယောက်က သူအပေါ် ဝိုင် ပုလင်းကြီးမှောက်ကျတာ အကျတွေ အကုန် စွန်းကုန်ရော

" တောင်း....တောင်းပန်ပါတယ် ဆရာ...ကျနော် မရည် ရွယ် ဘဲ... "

"ရိပေါ် အကျတွေ အကုန်စွန်း ကုန်ပြီ လာ တို့လုပ်ပေးမယ်"

"ရတယ် ငါဘာသာ လုပ်မယ် "

"မဟုတ်တာ ဒီမှာ တို့ သူငယ်ချင်းကိုလက်ဆောင်ပေဖို့ ဝယ်လာတဲ့ အကျကိုလဲလိုက်ပါလား ရိပေါ် ဟာတွေက အကုန်စွန်းနေပြီ "

"မလိုဘူး ယွီပင်းကို ဖုန်းဆက်ရင် ရတယ် "

" မဟုတ်တာ လဲသွားလိုက်ပါ နောက်မှ ပြန်ပေးလေ
နော်...နော်လို့"

နှုတ်ခမ်းလေးကိုဆူပြီး ချွဲနေတဲ့ ပုံစံက တခြားယောကျာ်း တွေဆို ကြွေကျလောက်ပေမဲ့ ရိပေါ် အတွက် ရွံစရာ တစ်ခုအပြင် မပိုခဲ့။ ဒါပေမဲ့ ကျန့်ကျန့်ဆီသွားဖို့နောက်ကျနေပြီမို့ သူပေးတဲ့အခန်းထဲ အမြန် ဝင်ကာ အကျအမြန်ဝင်လဲ ရသည် ။

ရိပေါ် အဝတ်အစားလဲပြီး ထွက်လာတော့ ခုတင်ဘေး က အမွှေးခဲလို ဘာလိုလိုကို အိုးသေးသေးလေးထဲထည့်ထားပြီး သူ့အငွ့က တခန်းလုံးကိုပြန့်နေလေသည်။ အနံက သူကြိုက်တဲ့ ချယ်ရီပန်းအနံ့ မို့ ရူလိုက်တဲ့အချိန် ခေါင်းထဲ မူးနောက်နောက် ဖြစ်လာပြီး ဟန်ချက်ပျက်ကာ မေ့လဲသွားလေသည် ။ ထိုတော့မှ မေယွဲ့ဝင်လာပြီး

" ရိပေါ်... နင်က ငါ့အပိုင် လေ ငါအခုလို လုပ်လိုက်ရလို့ စိတ်မဆိုးနဲ့ နော် နင့်ကို ငါက အရမ်းချစ်တာ ကို "

မေယွဲ့ ရိပေါ် အကျ ကိုချွတ်လိုက်ပြီး သူလည်း ညဝတ်အကျ အပါးလေးကိုဝတ်ကာ ရိပေါ် ရင်ဘတ်ထဲ တိုးကာ ဓာတ်ပုံရိုက်လေသည်။

* အချစ်တွေသာ အမုန်းတွေထက် သာလွန်ခဲ့မယ်ဆိုရင် ခုလိုဝမ်းနည်းစရာတွေကြုံခဲ့ရပါ့မလား *

Sean- K

#Aini 🙆🙆🙆

Mine (Uni + Zawgyi ) CompleteWhere stories live. Discover now